ဖက်ရှင်      

စမတ်ကျချင်တဲ့ မမတို့အတွက် ဖက်ရှင်ကျစေမယ့် ရုံးတက်ဖက်ရှင်များ

တောင်းမှာ အကွပ်၊ လူမှာ အဝတ် ဆိုတဲ့ စကားလေးကို လူတိုင်း ရင်းနှီးနေကြမှာပါ။ 
လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး တစ်ဖက်သူအပေါ် အကဲခတ်နေကြတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင်ကလည်း စမတ်ကျ လှပနေဖို့လိုပါတယ်။

ဖက်ရှင်ကျ လှပချင်တဲ့ ပျိုမေလေးတွေကတော့ အဝတ်အစားရွေးချယ်တဲ့အခါ နောက်ဆုံးပေါ် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။ 
ဒါတင်မကသေးပါဘူး။ စမတ်ကျတဲ့ပျိုမေလေးတွေက တွန့်ကြေနေတဲ့အဝတ်အစားတွေကို ဘယ်တော့မှ ဝတ်ဆင်လေ့မရှိကြပါဘူး။ 
မီးပူတိုက်ပြီးသား အဝတ်အစားတွေကိုသာ စမတ်ကျကျနဲ့ သန့်သန့်ပြန့်ပြန့်လေး ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။

တစ်ပတ် ခုနှစ်ရက်လောက် ရုံးတက်နေရတဲ့ပျိုမေလေးတွေအဖို့ လုပ်ငန်းခွင်မှာ စမတ်ကျလှပနေဖို့ဆိုရင် အဝတ်အစားဝတ်ဆင်မှုကို ပိုလို့တောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ 
ဒါ့ကြောင့် ရုံးတက်တဲ့အခါ စမတ်ကျကျနဲ့ ရုံးတက်နိုင်ဖို့အတွက် လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ဖက်ရှင်လေးတွေကို ပျိုမေလေးတို့အတွက် ဖော်ပြပေးလိုက်တယ်နော်။

Credit : MyStyle Myanmar

သတင်းသစ်များ