နည်းပညာ      

ကျောဘက်မှာ Solar Panel ပါဝင်တဲ့ ဖုန်း Design ကို မှုပိုင်ခွင့်တင်လိုက်တဲ့ Xiaomi

တရုတ် စမတ်ဖုန်း တွေ အဓိကထုတ်လုပ်တဲ့ Company တစ်ခု ဖြစ်တဲ့ Xiaomi ကတော့ Innovation ဖြစ်တဲ့ စမတ်ဖုန်း ဒီဇိုင်းတစ်ခုကို မှုပိုင်ခွင့်တင်လိုက်ပြီလို့သိရှိရပါတယ်။ 
ဒါကတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ Solar Panel ကို တပ်ဆင်ပေးထားတဲ့ Design တစ်ခုကို မှုပိုင်ခွင့်တင်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ် July လထဲက WIPO လို့ခေါ်တဲ့ World Intellectual Property Office မှာ မှုပိုင်ခွင့်တင်ထားခဲ့တာပါ။ 

အဆိုပါ မှုပိုင်ခွင့်ထဲမှာတော့ Design ပုံကြမ်းတွေပါဝင်လာခဲ့ပြီး အဆိုပါ Design ပုံကြမ်းတွေအရ ဖုန်းမှာ Font Facing Camera လဲပါဝင်လာခြင်းမရှိဘူးလို့သိရှိရပါတယ်။ 
ဖြစ်နိုင်ချေရှိနေတာကတော့ Slefie Camera ကို Pop up Selfie Camera အနေနဲ့အသုံးပြုနိုင်သလို In Display Camera နည်းပညာကိုလည်းအသုံးပြုနိုင်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ Dual Camera ကို ဖုန်းရဲ့အပေါ်ဘက်ထောင့်မှာ ဒေါင်လိုက်တပ်ဆင်ပေးထားပြီး အောက်ဘက်တစ်ခုလုံးကိုတော့ Solar Panel ကိုအသုံးပြုပေးထားတာပါ။
အဲ့အတွက်ကြောင့် Finger Print Scanner ကိုလည်း In display Finger နည်းပညာပဲ သေချာပေါက်အသုံးပြုဖို့ရှိနေပါတယ်။ 
Solar Panel ကိုအသုံးပြုပေးထားတာဟာ ဒီဖုန်းရဲ့အဓိက ထူးခြားချက်တစ်ခုလို့ပြောလို့ရပေမဲ့ ဒီထက်ပိုထူးခြားတာကတော့ Solar Panel ဟာ Camera Module ထက်သိသိသာသာပိုပြီး ပါးနေတဲ့ အချက်လို့ပြောရမှာပါ။

အခြားသော စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ဒီလိုမျိုး Solar Panel အသုံးပြုထားတဲ့ ဖုန်းကို ထုတ်ဖို့လုပ်ဆောင်နေကြပြီလို့သိရှိရပေမဲ့ Xiaomi ကတော့ ပထမဆုံး ဒီဇိုင်းပုံစံနဲ့ထွက်ရှိလာတဲ့ဖုန်းလို့ပြောလို့ရပါတယ်။ 
ဒါပေမဲ့ လည်း မှုပိုင်ခွင့်တင်ထားတာသာ ဖြစ်တဲ့အတွက် ဒီဖုန်းနဲ့ပတ်သတ်ပြီး ဘယ်အချိန်လောက်ထုတ်လုပ်သွားမလဲ ဒါမှမဟုတ် ထုတ်ရော ထုတ်လုပ်ဖြစ်မှာလားဆိုတာ မသေချာသေးတဲ့အနေအထားတစ်ရပ်ပဲ ရှိနေသေးတယ်လို့ပြောရမှာပါ။

Credit : Myanmarmobilephonesreview

 

သတင်းသစ်များ