အနုပညာ      

ပရိသတ်ဆွဲပေးတဲ့ သူမရဲ့ပုံ ခဲပန်းချီလေးကြောင့် အပြုံးပန်းတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတွေထဲမှာ MRTV-4 မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကလည်း ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အ၀ သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဖြစ်ပြီး ပရိသတ်တွေကို အမြဲအချစ်ပိုစေတာပါ..။

ရောက်တဲ့အရပ်တိုင်းမှာ လူချစ်လူခင်ပေါများတဲ့ အားလုံးရဲ့ အသည်းကျော်လေး နန်းနန်းလေးကတော့ အခုတစ်ခါမှာလည်း ဇာတ်ကားရိုက်ကူးရင်း တွေ့ဆုံခဲ့တဲ့ ပရိသတ်တစ်ဦးကလည်း သူမရဲ့ပုံလေးကို ခဲပန်းချီလေးဆွဲပြီး လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်နော်..။


မူလတန်းကောင်းတစ်ကျောင်းမှာ ဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပြီး အဲ့ဒီမူလတန်းကျောင်းက ကျောင်းဆရာလေးက သူမရဲ့ ပုံတူခဲပန်းချီလေးကို ကိုယ်တိုင်ဆွဲပြီး လက်ဆောင်ပေးခဲ့တာမို့ ချစ်ပရိသတ်ပေးတဲ့ ပန်းချီကားလေးကြောင့်လည်း နန်းနန်းလေးက ဝမ်းသာပျော်ရွှင်ခဲ့ပါတယ်နော်..။

“ဒီနေ့ ရွှေစာရံဘက်က မူလတန်းကျောင်းမှာရိုက်တော့ ကျောင်းဆရာလေးက ခဲပန်းချီဆွဲထားပေးတာတဲ့..” ဆိုပြီး အမှတ်တရပုံလေးနဲ့ ပီတိအပျော်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ချစ်ပရိသတ်တွေရဲ့ အမှတ်တရခဲပန်းချီလက်ဆောင်လေးနဲ့အတူ သူမရဲ့ အပျော်လေးတွေကိုလည်း နန်းနန်းလေးက ချစ်ပရိသတ်တွေကို အတူ မျှဝေထားတာမို့ အားလုံးပဲ ကျေနပ်သဘောကျနေကြမှာပါနော်..။

Credit : Myanmarload

 

သတင်းသစ်များ