နည်းပညာ      

၉သောင်းဝန်းကျင်နဲ့Budget ဖုန်းတစ်လုံး မြန်မာနိုင်ငံမှာရောင်းချပေးမဲ့ Singtech

Singtech ကတော့ ပြည်တွင်းမှာ Buget ဖုန်းဈေးကွက် အတွက် အထိုက်အလျောက်နေရာရထားပြီးသား Brand တစ်ခု ဖြစ်သလို အခုတစ်ခါမှာတော့ ၉သောင်းဝန်းကျင်နဲ့Singtech H2 Pro ကို မြန်မာနိုင်ငံမှာ မကြာခင်စတင်ရောင်းချပေးတော့မယ်လို့သိရှိရပါတယ်။ Budget ဖုန်းဖြစ်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ဒီ H2 Pro ရဲ့ Design ပိုင်းလို့ပြောရမှာဖြစ်သလို ကျောဘက်မှာ Singtech က နာမည်ပေးထားတဲ့ ရောင်စဉ်ဖြာသော Shake များ ဆိုတဲ့ Gradient Design က ခုနောက်ပိုင်းခေတ်စားနေတဲ့ Gradient အရောင်ဘက်ကို သိသိသာသာရောက်သလို တော်တော်လေး လှတဲ့ အရောင်လို့ပြောလို့ရတဲ့ Design နဲ့ထုတ်လုပ်ပေးလိုက်တာပါ။

Display ပိုင်းမှာ 5.99 လက်မရှိမှာဖြစ်ပြီး IPS LCD Panel ကို အသုံးပြုထားသလို resolution အနေနဲ့တော့ 960×480 resolution ရှိမှာပါ။ 
အလေးချိန်အနေနဲ့ 140g ပဲရှိမှာဖြစ်တဲ့အတွက် တော်တော်လေးကို ပေါ့တဲ့ ဖုန်းလို့ပြောလို့ရမှာဖြစ်သလို အထူအနေနဲ့တော့ 8.65mm အထူရှိမှာပါ။ 
Processor ပိုင်းမှာတော့ MediaTek ရဲ့MT6580A ကိုအသုံးပြုထားပြီး GPU ကတော့ Mali 400 ပါဝင်လာမှာပါ။ 
RAM အနေနဲ့တော့ 2GB နဲ့ Storage ကိုတော့ 16GB တပ်ဆင်ပေးထားသလို DualSim တပ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး Micro SD Card Slot ကို သတ်သတ်ထည့်သွင်းပေးထားပါသေးတယ်။

Camera ပိုင်းမှာတော့ နောက်ကျောဘက်မှာ 8MP Camera နဲ့ Front Camera ကိုတော့ 5MP တပ်ဆင်ပေးထားပြီး Video Recording အတွက်ကိုတော့ FullHD ကို 30Fps နဲ့ရိုက်ကူးပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 
Battery အနေနဲ့တော့ 3000 mAh Battery ကိုအသုံးပြုထားပြီး မြန်မာနိုင်ငံမှာတော့ August လ ၁ရက်နေ့ကနေ စတင်ပြီးရောင်းချပေးသွားမယ်လို့သိရှိရပါတယ်။ 
ဈေးနှုန်းအနေနဲ့ တော့ ၈၅၀၀၀ နဲ့၉သောင်းကြားဝန်းကျင်မှာရှိနိုင်မှာဖြစ်ပြီး ကျွန်တော်တို့MMPR ကနေလည်း ဒီဖုန်းကို မကြာခင်မှာ First Impression ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Credit : Myanmar Mobile Phones Review

သတင်းသစ်များ