အနုပညာ      

သရုပ်ဆောင်ဦးအောင်ဇော် ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့ အကြောင်းအရင်းအမှန်

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဦးအောင်ဇော် ကွယ်လွန်သွားပြီဆိုတဲ့ စိတ်မကောင်းစရာ သတင်းတွေဟာ လှုမှုကွန်ယက်စာမျက်နှာနဲ့ ပရိသတ်တွေကြား ယူကြုံးမရဝမ်းနည်းစရာအဖြစ် အတော်လေးကို ဂယက်ထသွားခဲ့ပါတယ်နော်..။


ဦးအောင်ဇော်ဟာ ဇူလိုင်လ(၂၁) ရက်နေ့ ည(၈)နာရီကျော်လောက် အချိန်က ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေသိထားသလို နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ မဟုတ်ပဲ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတာ ဖြစ်ပါတယ်နော်..။

ကားရေဆေးခုံဆိုင်ကနေ အိမ်ဘက်ကို လမ်းလျှောက်လာနေတဲ့အချိန်မှာ ရုတ်တရက် လဲကျပြီး ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားတာဖြစ်ပြီး အချိန်မှီကယ်ဆယ်ဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် အသက်မမှီဖြစ်ခဲ့ရတာ ဖြစ်ပါတယ်နော်..။

“ရင်ခွဲရုံက နောက်ဆုံးဆေးစစ်ချက် အဖြေအရ သေဆုံးတဲ့အကြောင်းရင်းက နှလုံးရောဂါမဟုတ်ပဲ ဦးနှောက်သွေးကြောပြတ်သွားတာကြောင့်ပါ..” ဆိုပြီးတော့လည်း ရှိုင်းသူသူမောင်က ပရိသတ်တွေကို အသိပေးပြောပြထားတာလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်နော်..။

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဦးအောင်ဇော်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်မှာ ကြာနီကန်သုသာန်မှာ မီးရှို့သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်နော်..။

ဦးအောင်ဇော်ရဲ့ ဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်လိုတဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ ပရိသတ်တွေကိုလည်း ဦးအောင်ဇော်ရဲ့ နေအိမ်ဖြစ်တဲ့ မန္တလေးမြို့ စက်မှု(၁)၊ မင်္ဂလာရေဆေးဆီလိုက်၊ မင်္ဂလာလမ်းထောင့်၊ အိမ်အမှတ် နန-၉/၂ ကနေ ကားများ ထွက်ရှိမှာဖြစ်ပြီး ရပ်နီးရပ်ဝေးမှ ပရိသတ်တွေကို ဖိတ်ကြားထားတာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကျရာဇာတ်ရုပ်တွေကနေ တာဝန်ကျေစွာ ကြိုးစားခဲ့တဲ့ သရုပ်ဆောင်ဦးအောင်ဇော် တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Credit : Myanmarload

သတင်းသစ်များ