နည်းပညာ      

Snapdragon 855 Plus SoC အသုံးပြုလာနိုင်တဲ့ ROG Phone 2 ပုံများထွက်ရှိ

ASUS ရဲ့ Gaming Phone ဖြစ်တဲ့ ROG Phone 2 ဟာလာမဲ့ July လ ၂၃ ရက်နေ့ဆို တရားဝင် မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ 
မိတ်ဆက်မဲ့ပွဲ နီးလာလေ ဖုန်းနဲ့ပတ်သတ်တဲ့ ပုံစံတွေ အချက်အလက်တွေဟာ ထွက်ရှိလာနေကြ ဖြစ်တဲ့အတိုင်း အခုတစ်ခါမှာတော့ အဆိုပါ ROG Phone 2 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေပါထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ 
ပုံစံဒီဇိုင်းပိုင်းအရ များစွာ ပြောင်းလဲမှု မရှိပေမဲ့ အတွင်းပိုင်းမှာ အဆင့်မြင့်တင်မှု များစွာပြုလုပ်လာနိုင်တဲ့ ROG Phone 2 မှာ 120 Hz Display နဲ့ထွက်ရှိလာဖို့သေချာတဲ့ ပုံစံတွေကို Live Image ပုံတွေ မှာ မြင်တွေ့ရပြီပဲ ဖြစ်ပါတယ်။ 
ဒါပေမဲ့လည်း ဒီဖုန်းနဲ့ပတ်သတ်တဲ့ Resolution တွေကို တော့ ဒီပုံတွေမှာ မြင်တွေ့ခဲ့ရခြင်းမရှိသေးပါဘူး။

ဒါ့အပြင် AMOLED Display ပေါ်မှာ 120 Hz ထိ Support ပေးထားတဲ့ Display ကို အသုံးပြုထားပေမဲ့ Display ရဲ့ Refresh Rate ကို 60Hz 90 Hz နဲ့ 120 Hz ထိ ကိုယ့် စိတ်ကြိုက်ထားနိုင်မဲ့ပုံစံတွေပါထွက်ရှိလာတာပါ။

ROG Phone 2 မှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်အလက်တွေအနေနဲ့ကတော့ တနေ့ကမှ မိတ်ဆက်ပေးသွားတဲ့ Qualcomm ရဲ့ Gaming ပိုင်းနဲ့AR ပိုင်းအတွက် ပိုကောင်းလာမဲ့Snapdragon 855 Plus SoC ကို အသုံးပြုလာနိုင်တယ်လို့သတင်းတွေလည်း ကျယ်ပြန့်စွာထွက်ပေါ်လာပါတယ်။ 
Snapdragon 855 Plus SoC မှာတော့ CPU ကို 2.96GHz ထိ Clock Speed ရှိမှာဖြစ်တဲ့ အတွက် လက်ရှိ Snapdragon 855 SoC ထက် 4.2 ရာ ခိုင်နှုန်း CPU ပိုင်း ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို GPU အနေနဲ့လည်း 640 GPU ကြောင့် Gaming ပိုင်းမှာလည်း 15 ရာခိုင်နှုန်းထိ ပိုမိုကောင်းမွန်လာမှာဖြစ်သလို ASUS ရဲ့ ROG Phone 2 ဟာလည်း Qualcomm Snapdragon 855 Plus SoC ကို အသုံးပြုထားတဲ့ ပထမဆုံး ဖုန်းဖြစ်လာနိုင်ချေရှိနေပါတယ်။

Credit : Myanmar Mobile Phones Review

သတင်းသစ်များ