နည်းပညာ      

ကိုယ်ပိုင်ဂြိုဟ်တုမြန်မာပြည်ကလွှတ်တင်နိုင်ပြီဆိုတာ တကယ်လား

အာကာသထဲမှာ ဝဲပျံ နေတဲ့ အရာ ဝတ္ထုတွေ နဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ ကြာခဲ့ပါပြီ ။ အခု တလော တော့ ဒီ အသံတွေ ကို ပြန် နားစွင့် နေမိခဲ့ပါတယ် ။ 
ဘာတဲ့ . . . မြန်မာ နိုင်ငံ က ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင် တော့မည် ဆိုပါလား။

ဒါနဲ့ ပဲ အရင်တုန်းက Memory တွေ ပြန်ထုတ်ပြီး ဟိုရှာ ဒီရှာ လိုက်ရှာ လိုက်ရတယ် ။ 
ဝိုး တကယ်ကို လွှတ်တော့မှာပဲ . . . . သတင်း ကလည်း အမှန်ပဲ . . . . ဒါပေမယ့် အပြင်မှာ သတင်းတွေ ပျံ့ နေသလိုမျိုး မြန်မာ နိုင်ငံ က ပိုင်ဆိုင်တဲ့ ဂြိုဟ်တုကြီး အလုံးလိုက် ကို လွှတ်တင် လိုက်တာတော့ မဟုတ်ပါဘူး ။
 ပြည်သူတွေ အနေနဲ့ ဒီ ကိစ္စတွေ ဟာ နားယဉ်ပါး နေကျ ကိစ္စ မဟုတ်လေတော့ အဆန်းအပြား တစ်ခု လို ဖြစ်နေကြရတာ ပါ ။

လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ မှာ လွှတ်တင်မယ်လို့ သတ်မှတ်ထားတဲ့ ဂြိုဟ်တု ဟာ Intelsat 39 လို့ အမည် ရှိတဲ့ ဂြိုဟ်တုကြီး ပါ ။ 
ဆက်သွယ်ရေး နဲ့ ရုပ်သံ ထုတ်လွှင့်မှုတွေ ပြုလုပ် နိုင်တဲ့ C-band, Ku-band တွေ ပါဝင်တဲ့ ဂြိုဟ်တုကြီး ဖြစ်ပြီးတော့ အရှေ့ လောင်ဂျီတွတ် ၆၂ ဒီဂရီ ကို ပစ်လွှတ်မှာ ဖြစ်ပါတယ် ။ ဂြိုဟ်တု ကို ဘာတွေ နဲ့ ဆောက်ထားတယ် ၊ ဘယ်လိုတွေ ဆောက်ထားတယ် ၊ ဘယ်ဒုံးပျံ နဲ့ ဘယ်ပတ်လမ်း ကို ပစ်မယ် ဆိုတာတွေ ကတော့ နည်းပညာ ဆိုင်ရာ တွေ ဖြစ်လို့ ဖတ်ပြီးရင် နားရှုပ်သွားနိုင် ပါတယ် ။
 ဒါကြောင့် ချန်ထားခဲ့ ပါတော့မယ် ။

အဓိက ပြောချင်တာက ဂြိုဟ်တု အကြောင်းပါ ။ 
Intelsat 39 ဟာ မြန်မာ ပိုင်ဂြိုဟ်တု မဟုတ်သလို ဒီ ဂြိုဟ်တု ကို လည်း မြန်မာ က အပိုင်ဝယ် ထားတာ မဟုတ်ပါဘူး ။ 
ဂြိုဟ်တု မှာ ပါသွားတဲ့ ( ပါသွားမယ့် ) Transponder ( C-band, Ku-band ) အချို့ကို သာ ငှားရမ်း အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ် ။ 
ဂြိုဟ်တုထဲမှာ Transponder တွေ အများကြီး ပါသွားမှာ ဖြစ်ပြီး မြန်မာ လိုပဲ ငှားသုံးမယ့် သူတွေ အများကြီး ရှိပါတယ် ။

ရှင်းရှင်း ပြောရရင်တော့ Intelsat က ၆ ထပ်တိုက်ကြီး တစ်ခု ဆောက်လိုက်ပြီး မြန်မာ က အဲ့ထဲ က အခန်း ၂ ခန်း ၃ ခန်း လောက် ကို ငှားရမ်း နေထိုင်တဲ့ သဘော ပါပဲ ။ 
ဒါကို ပဲ မြန်မာ့ဂြိုဟ်တု – ၂ လို့ အမည်တပ်လိုက် တာပါ ။
 ဒါက တရားဝင် ပါတယ် ။ သူများတွေ လည်း ဒီလိုပဲ Transponder တွေ ငှားပြီး ကိုယ့် ဂြိုဟ်တု အမည် ပေးနေကျပါပဲ ။ 
ပြောချင်တာက တော့ မြန်မာ ပိုင်တဲ့ ဂြိုဟ်တု မဟုတ်ဘူး ဆိုတာ ပါပဲ ။

ဂြိုဟ်တု ကို မြန်မာ က ထိန်းရမှာ မဟုတ်ပါဘူး ။ 
ငှားထားတဲ့ Transponder တွေရဲ့ Uplink Downlink တွေကို ပဲ ထိန်းချုပ်ခွင့် ရမှာပါ ။ 
ဒီလောက်ပါပဲ . . . .ဒီလို ပြောလို့ မကောင်းမြင်တယ်လို့ မထင်ပါနဲ့ . . . တိုးတက်မှု တစ်ခု ဖြစ်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို ပါတယ် ။ 
အများထင်သလို ကိုယ်ပိုင် ဂြိုဟ်တုကြီး ပစ်လိုက်ပြီ ဆိုတာမျိုး မဟုတ်ကြောင်းကိုပဲ ပြောပြ ချင်တာပါ ။

ဂြိုဟ်တုကြီး ပိုင်ဆိုင်နိုင်လို့ ဘာတွေ ကောင်းကျိုးတွေ ဖြစ်လာ မလဲ . . . ရှိပါတယ် ။ 
ဆက်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး မြန်ဆန် လာမယ် ၊ ရုပ်သံလွှင့် တဲ့ အပိုင်းတွေ လည်း ပိုမို တိုးတက်လာနိုင် ပါတယ် ။ 
ဘယ် Transponder တွေကို ဘယ်လောက် ယူ ထားသလဲ ဆိုတဲ့ အပေါ်မှာတော့ မူတည် ပါတယ် ။

အခု လို ဂြိုဟ်တု ဆက်သွယ်ရေးဘက်ကို ခြေဦးလှည့်လာ တဲ့အတွက် နောက်ပိုင်းမှာ မြန်မာ နိုင်ငံ အတွင်း ဆက်သွယ်ရေး နဲ့ ဆိုင်တဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ အများကြိး ပေါ်ပေါက် လာနိုင် ပါတယ် ။
ဂြိုဟ်တု ထိန်းချုပ်ရေး စခန်းတွေ ဆောက်ဖြစ်လာ မယ် ၊ အသေးစား ဂြိုဟ်တုတွေ ကို လွှတ်တင် စမ်းသပ်ဖို့ နိုင်ငံ တကာ နဲ့ ပိုမို ချိတ်ဆက် မှုတွေ ရှိလာနိုင် ပါတယ် ( Intelsat တို့ က ဒါမျိုးတွေ ကို နည်းပညာ အကူအညီတွေ ပေးတတ် ပါတယ် ) ။ 
ဘာပဲ ဖြစ်ဖြစ်ကောင်းတဲ့ ကိစ္စပါ ။

ပြင်သစ် ဂီနီယာ ကနေ Arane 5 ဒုံးပျံကြီး လွှတ်တဲ့ နေ့ ကျရင်တော့ ကောင်းကင်ကြီးကို ကျွန်တော် နောက်တစ်ခါ ထပ်ပြီး မော့ကြည့်ဖြစ်ဦးမှာပါ ။

Credit:

သတင်းသစ်များ