လူနေမှုပုံစံ      

မီတာခကို ပုံမှန်ထက် ..မကုန်ရလေအောင်… ဆောင်ရန်ရှောင်ရန်များ

မီတာခကို ပုံမှန်ထက် မကုန်ရလေအောင် ဆောင်ရန်ရှောင်ရန်များ

လျှပ်စစ်ဓာတ်အားကို သုံးစွဲရာတွင် စနစ်တကျ အသုံးမပြုခြင်း၊ မလိုအပ်ပဲ ပိုသုံးထားခြင်း

စသည့်အချက်များက သင့်အိမ်ရဲ့ မီတာခကို ပုံမှန်ထက် ပိုမို ကျသင့်စေနိုင်ပါတယ် ဒါကြောင့်

မီတာခ ချွေတာနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ် . . . .

(၁) တစ်အိမ်လုံးတွင် မည်သူမျှ မရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ။

(၂) မီးပူတိုက်နေစဉ်၊ တစ်ခုခုလုပ်ရန် ခေတ္တ ထသွားပါက၊ မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့် လျှပ်စစ်အသုံးကိုချွေတာပါ။

(၃) အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ။
ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကိုရှောင်ကြဉ်ပါ။

(၄) လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။

(၅) လေအေးပေးစက်၏ အပူချိန်ကို နေသာထိုင်သာရှိသော 24-25°C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။

(၆) တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာ ပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။

(၇) ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။

(၈) မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

(၁၀) Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကိုပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။

ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကို အလိုအလျောက် ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကိုချွေတာသင့်ပါသည်။

Credit : yangondirectory

သတင်းသစ်များ