အနုပညာ      

သစ်တံခါးဆရာတော်ဘုရားကြီးပေးတဲ့ ကျိုက်ငါးကျိုက်အဓိဌာန်လေးကြောင့် အကြိုက်ဆုံးလက်ဆောင်လေးကို ရခဲ့တာပါလို့ ဆိုလာတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ 
သူမရဲ့မွေးနေ့မှာ ခင်ပွန်းလောင်းဆီကနေ သူမအအရမ်းကြိုက်တဲ့ အိမ်လေးကို လက်ဆောင်ရခဲ့တာဖြစ်ပြီးတော့ အဲလိုလက်ဆောင်ရအောင် သစ်တံခါးဆရာတော်ဘုရားကြီးပေးတဲ့ ကျိုက်ငါးကျိုက်အဓိဌာန်လေးလုပ်လို့ ရခဲ့တာဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရင်ဖွင့်ပြောပြထားခဲ့တာဖြစ်ပါတယ်။

အများဆုံးမေးနေကြတာက ခုတစ်လောလုပ်ဖြစ်တဲ့ဘုရားစာ အဓိဌာန်တွေပြောပါဆိုလို့ ဘယ်အရာမှလွယ်လွယ်နဲ့မရပေမဲ့ ကြိုးစားရင်ကြိုးစားသလို တန်ပြန်သက်လျှောက်မှုတော့ ရှိကြပါတယ်။ 
ဆရာသမားကောင်းနဲ့ တွေရင်သင်ပြပြောဆိုမှုကြောင့် ဘုရားတရားဟာ မနှစ်ကထက်ဒီနှစ် မနေ့ကထက်ဒီနေ့ပို၍လုပ်နိုင်လှူနိုင်လာခဲ့တယ်။
စားတာကြိုက်၊ဝတ်တာကြိုက်၊နေတာကြိုက်၊သုံးတာကြိုက် ကောင်းတာကြီးပဲကြိုက်တဲ့ သူဖြစ်တဲ့ကျွန်မက ကျွန်မရဲ့အကြိုက်ဆုံးအိမ်လေးရဖို့အတွက် သစ်တံခါးဆရာတော်ဘုရားကြီးပေးတဲ့ ကျိုက်ငါးကျိုက်အဓိဌာန်ကို အမေရိကားမလာခင်မှာ အဓိဌာန်တင်ပုတီးစိတ်ခဲ့တယ်” ဆိုပြီးတော့ အဓိဌာန်ဝင်ကောင်းမှုတွေလုပ်ခဲ့လို့ သူလိုချင်တဲ့ အိမ်လေးကို ရရှိခဲ့တာပါဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။

ခုချိန်မှာ အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာလည်း ဘုရားတရားလုပ်လို့ပါ ဆိုတာကိုလည်း “ဘုရားတရားလုပ်ပါများလို့အထုံဖြစ်သွားရင် မိမိစိတ်ထဲကအကြိုက်ဆုံး ဆန္ဒတွေဖြစ်လာတယ်လို့ ကျွန်မတော့ယုံကြည်တယ်။
ဘုရားတရားကိုမမေ့မလျှော့ပဲ လုပ်ခဲ့လို့လည်း အခုအချိန်မှာ အေးအေးချမ်းချမ်းနဲ့နေနိုင် လှူနိုင်တာဖြစ်တယ်။
အပင်မြင့်လေလေတိုက်လေ အတက်ဖြစ်ဖို့ အဖျက်တွေနဲ့ရင်ဆိုင်ကြုံတွေ့ရတာ လောကဓမ္မတာပါ။ 
အခက်အခဲ အနှောင့်အယှက်များဘေးက ကင်းဝေးကြပါစေ”ဆိုပြီးတော့ ဖော်ပြထားတာဖြစ်ပါတယ်။ 
ပရိသတ်ကြီးရေ သစ်တံခါးဆရာတော်ဘုရားကြီးပေးတဲ့ ကျိုက်ငါးကျိုက်အဓိဌာန်လေးကြောင့် သူအကြိုက်ဆုံးအိမ်လေးရခဲ့လို့ ပျော်နေတဲ့ စမိုင်းလ်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး။

#Credit

သတင်းသစ်များ