ဖက်ရှင်      

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေတဲ့ ရဲရဲတောက်အနီရောင်ကို ကြိုက်နှစ်သက်သူများအတွက်

မင်္ဂလာပါ ပျိုမေလေးတို့ရေ။ 
မိန်းကလေးတစ်ယောက် လူကြားသူကြားထဲမှာ သတ္တိရှိရှိ သွားလာနိုင်ဖို့အတွက် အဓိကလိုအပ်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုပါပဲ။

ဒီလိုယုံကြည်မှု သတ္တိရှိမှုတို့ကို အဓိက ကိုယ်စားပြုနေတဲ့ အရောင်တစ်ခုကိုပြောပါဆိုရင် အားလုံးတစ်ပြေးတည်းဖြေကြမှာက အနီရောင်ပါပဲ။ 
အနီရောင်က အခြားအရောင်တွေထက် ပိုတောက်ပြီးတော့ ပိုပေါ်လွင်တယ်ဆိုပေမယ့်လည်း အချို့မိန်းကလေးတွေကတော့ အဲ့ဒီ့အချက်တွေကြောင့်ပဲ ပိုသဘောကျကြတာပါ။

ဒီလိုအနီရောင်ကို ကြိုက်ကြတဲ့ ပျိုမေလေးများအတွက် ချစ်စရာကောင်းတာကနေ စမတ်ကျတဲ့ ဖက်ရှင်အထိ ဘယ်လိုမျိုးတွေ တွဲဖက်ဝတ်ဆင်လို့ရသလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

Credit : MystyleMyanmar

သတင်းသစ်များ