အားကစား      

နယူးကာဆယ်နဲ့ အပြောင်းအရွေ့ သတင်းတွေကို ကြေငြာချက် ထုတ်ပြန်လိုက်တဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညို

မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဟိုဆေး မော်ရင်ညို က နယူးကာဆယ် အသင်းမှာ ရာဖေး ဘင်နီတက် ရဲ့ နေရာကို အစားထိုး ဝင်ရောက်မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချလိုက်ပြီး အကြောင်းရင်း ကတော့ သူဟာ ပရီးမီးယားလိဂ် မှာ တန်းကျန်ရစ်ဖို့ အတွက်ပဲ တိုက်ပွဲ ဝင်ရမယ့် အသင်းကို စိတ်မဝင်စားတာကြောင့်လို့ ဆိုသွား ပါတယ်။
ရီးရဲယ်မက်ဒရစ် နဲ့ အင်တာမီလန် နည်းပြဟောင်း က ပြီးခဲ့တဲ့ ဒီဇင်ဘာက အိုးထရပ်ဖို့ဒ် ကနေ ထွက်ခွာ ခဲ့ပြီးနောက်ပိုင်း နည်းပြ လောက ထဲကို ပြန်လည် ဝင်ရောက်ခြင်း မရှိသေး ပါဘူး။ 
ပေါ်တူဂီ နည်းပြ ကို ဒီကြားထဲမှာ ကလပ်ပေါင်း များစွာ က ချိတ်ဆက် ခဲ့ပေမယ့်လည်း မော်ရင်ညို ဘက်က စိတ်ကြိုက် မတွေ့ သေးတာကြောင့် ပယ်ချ ထားခဲ့ ပါတယ်။
လက်ရှိ အချိန်မှာတော့ မော်ရင်ညို ကို ၎င်းရဲ့ ပြိုင်ဘက်ဟောင်း ဘင်နီတက် ရဲ့ နေရာမှာ အစား သွားဖို့ နယူးကာဆယ် က ချိတ်ဆက် နေတယ်လို့ သတင်းထွက် နေပါတယ်။ 
နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂလာနေ့က ကြေငြာချက် ထုတ်ပြန် ခဲ့ပြီး စပိန် နည်းပြဟာ လာမည့် တနင်္ဂနွေနေ့ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ချိန်မှာ ကလပ် ကနေ ထွက်ခွာမှာ ဖြစ်တယ်လို့ အတည်ပြု ခဲ့ပြီး ဘင်နီတက်ကိုတောင် မပြောဘဲ လူသိရှင်ကြား ကြေငြာ ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် ရဲ့ ကြေငြာချက် ကတော့ “ကျွန်တော်တို့ဟာ ရာဖာ ရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့် နိုင်ဖို့ အတွက် အချိန်တစ်ခုကြာ အပြင်းအထန် အလုပ်လုပ် ခဲ့ပါတယ်။ 
ဒါပေမယ့် ကျွန်တော်တို့ဟာ ရာဖာ နဲ့ သူရဲ့ ကိုယ်စားလှယ် နဲ့ သဘောတူညီမှု ရဖို့ လုံး၀ မဖြစ် နိုင်တော့ပါဘူး။”
နယူးကာဆယ် ပိုင်ရှင် မိုက်အက်ရှ်လေ နဲ့ မန်နေဂျင်း ဒါရိုက်တာ လီချန်လေ တို့ဟာ ဘင်နီတက်ရဲ့ နေရာမှာ အစားထိုးရန် နည်းပြ တစ်ဦး ရှာဖွေ နေပြီး လက်ရှိ မှာ မပျော်မရွှင် ဖြစ်နေတဲ့ ပရိတ်သတ်တွေ သဘောကျမယ့် သူမျိုးကို ချိတ်ဆက်ဖို့ ကြိုးစား နေပါတယ်။
မော်ရင်ညိုဟာ ဆန်ကာတင် နည်းပြတွေ ထဲမှာ ပါဝင်နေပေမယ့် ပေါ်တူဂီ နည်းပြ ကတော့ သူဟာ ပရီးမီးယားလိဂ် မှာ တန်းမဆင်းရဖို့ အတွက်သာ အဓိက ဖြစ်တဲ့ အသင်းကို စိတ်ဝင်စားခြင်း မရှိဘူးလို့ ဆိုခဲ့ ပါတယ်။
မော်ရင်ညို က “ကျွန်တော် သိတဲ့ တစ်ခုတည်းသော အရာကတော့ ဒါဟာ ကျွန်တေ်ာ အလိုရှိတဲ့ဟာ မဟုတ် ပါဘူး။ 
ကျွန်တော်ဟာ ဆုဖလား ရဖို့ မဖြစ်မနေ လုပ်ပေး ရမယ် ဆိုတဲ့ မူဝါဒ ကို အဓိပ္ပာယ် သိပ်မရှိဘူးလို့ ယူဆတဲ့သူ ဖြစ်ပါတယ်။ 
အကယ်၍ ကျွန်တော် ဖလား မရ ခဲ့ဘူး ဆိုရင် ဒါဟာ ကျွန်တော့်ရဲ့ ပြသနာ ၊ ကစားသမားတွေ ၊ ကလပ် နဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြသနာ ရှိတယ်လို့ ယူဆ ကြပါတယ်။ 
ဒါပေမယ့် ကျွန်တော်ဟာ ဆုဖလားတွေ အတွက်ပဲ ကစားတယ်လို့ ခံစားမိတဲ့ စီမံကိန်း ကို လိုအပ် ပါတယ်။

အကယ်၍ တစ်စုံတစ်ယောက် က ကျွန်တော့်ကို အရမ်းကောင်းတဲ့ ၁၀ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ပေးပြီး အဓိက ရည်မှန်းချက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အတွင်း ဝင်ဖို့ အတွက် ၊ အဆင့် ၇ ၊ အဆင့် ၈ ဒါမှမဟုတ် အဆင့် ၉ လောက် ရရင် ပြီးပြည့်စုံ ပြီလို့ သတ်မှတ်တယ် ဆိုရင် ဒါဟာ ကျွန်တော့် အတွက် မဟုတ် ပါဘူး။ 
ဒါဟာ ကျွန်တော့် သဘာဝ ပါပဲ။ 
ကျွန်တော့်ရဲ့ နောက်ထပ် အလုပ်ဟာ ဆုဖလား အတွက် တိုက်ပွဲ ဝင်မယ့် အသင်းမှာပဲ ဖြစ်မှာပါ။” လို့ ဆိုသွား ပါတယ်။
ဘင်နီတက်ရဲ့ နေရာ အတွက် ဝါရင့် နည်းပြ အတော်များများ နဲ့ သတင်း ထွက်နေပြီး ဒီနည်းပြ တွေထဲမှာ လော့ရန်ဘလန့် ၊ ရာနေရီ နဲ့ ဖီယင်နော့ အကြီးအကဲ ဗန်ဘရွန်ခရော့စ် တို့ ပါဝင် နေပါတယ်။

Credit : Sports Myanmar

 

သတင်းသစ်များ