အနုပညာ      

သေဆုံးသွားတဲ့ LGBT လူငယ်လေးနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ မေဦး

ဇွန်လ(၂၄) ရက်နေ့မှာတော့ အသက်(၂၀) ကျော် လူငယ်လေး ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး သေဆုံးသွားတဲ့ အဖြစ်အပျက်က အားလုံးကို ထိတ်လန့်တကြား ဖြစ်စေခဲ့ပါတယ်။ သေဆုံးသွားတဲ့ လူငယ်လေးက လိင်တူချစ်သူတစ်ဦးဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို မခံနိုင်တော့တဲ့အဆုံးမှာ သူ့ကိုယ်သူ ထွက်ပေါက်ရှာတဲ့ အနေနဲ့ အခုလို အဖြစ်ဆိုးကြီးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုလူငယ်လေး သေဆုံးသွားတဲ့ အဖြစ်ဆိုးကြီးက LGBT လောက တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ရုံသာမက ပြည်သူတွေကိုပါ သင်ခန်းစာအချို့ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ သေဆုံးသွားတဲ့ မောင်ကျော်ဇင်ဝင်းရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်အတွက် LGBT တစ်ဦးဖြစ်သူ မိတ်ကပ်မေဦးကလည်း သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို အခုလိုပဲ ထုတ်ဖော်ပြေုာလာပါတယ်။ "မြန်မာနိုင်ငံက လူငယ်တော်တော်များများဟာ သေချာအကွက်ချစီစဉ်ထားတဲ့ ဘယ်လိုဖောက်ထွက်ဖောက်ထွက် မည်သို့မျှရုန်းထွက်လို့မရခြင်းဆိုသော မဟာတံတိုင်းကြီးနဲ့ဘောင်ခတ်ထားခြင်းကို ခံထားရတဲ့သူတွေပဲဖြစ်ပါတယ် တော်တော်လေးခံစားရပါတယ်။ ဒါတောင်လူငယ်တွေလို့သုံးနှုန်းထားတာနော်။ ကဲ lgbt 🏳️‍🌈 လို့ခေါင်းစဉ်သာတပ်ကြည့်လိုက်.......?"

" တစ်ကျော့နှစ်ကျော့တေးကိုသီ လို့တွန်ကြူးမိသူတောင် နှစ်ပြားမတန်အောင်ပြောခံရတဲ့ခေတ်မှာ မင်းတို့လောက်တော့ အသာလေးပေါ့။ အော် ရောင်နီရယ် သီချင်းထဲမှာမဟုတ်ပဲ လက်တွေ့ဘဝမှာ ထွန်းလင်းပေးလိုက်စမ်းပါ။ ခဗျားတို့ပါးစပ်ကပြောနေတဲ့ ခေတ်မှီဖွံဖြိုးတိုးတက်တဲ့နိုင်ငံဆိုတာ တကယ်ရှိလာမှာမို့ ရဲရဲကြီးသာ ထွန်းလင်းပေးလိုက်ပါ။ ဦးနှောက်မပါပဲ ချောင်ကလောင်နေတဲ့ လူကြီးတစ်ချို့တို့ရယ် ....." ဆိုပြီး သူ့ရဲ့ခံစားချက်တွေကို ပြောပြထားပါတယ်။ 

သေဆုံးသွားတဲ့ မောင်ကျော်ဇင်ဝင်းက အဘွားဖြစ်သူကို ရှာကျွေးနေတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး ပတ်ဝန်းကျင်က သူ့ရဲ့လိင်စိတ်ခံယူချက်အပေါ် လှောင်ပြောင်ရှုံ့ချကြတာကြောင့် အခုလို မလုပ်သင့်တဲ့အရာတွေကို လုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ 

မေဦးကတော့ LGBT တစ်ယောက်ပီပီ သေဆုံးသွားတဲ့ လူငယ်လေးအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။မောင်ကျော်ဇင်ဝင်းလည်း အခုဆိုရင် အေးချမ်းတဲ့နေရာမှ ငြိမ်းချမ်းစွာနဲ့ အနားယူနေလောက်ပြီ ထင်ပါတယ်။ 

Credit : May Oo fb & Kyaw Zin Win fb

သတင်းသစ်များ