ပတ်ဝန်းကျင်      

ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခဲ့တဲ့ ဆန်ဖရန်စစ္စကို

နေ့တိုင်း ပလတ်စတစ် အသုံးပြုခြင်းကို ရှောင်ကြဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် လေ့လာမှုတွေအရ ကမ္ဘာ့သမုဒ္ဒရာကြီးကို ဖုံးအုပ်နေတဲ့ ၁၅မှ ၅၀ထရီလီယံအကြား ပလတ်စတစ်အပိုင်းအစတွေ တစ်နေရာရာမှာ ရှိတယ်ဆိုတာ သင်သတိရမယ်ဆိုရင် သင်ဟာ ပလစ်စတစ် အသုံးပြုမှုကို ကျိန်းသေအစားထိုးချင်ပါလိမ့်မယ်။ ဆန်ဖရန်စစ္စကိုမြို့ တစ်မြို့တည်းကသာ ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ခြင်းဖြင့် စတင်တော်လှန်နေပါပြီ။

ဒီတော်လှန်ရေးလုပ်ရပ်ဟာ နှစ်စဉ်နှစ်တိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ အဆုံးသတ်သွားတဲ့ ပလတ်စတစ်ပုလင်းထောင်ပေါင်းများစွာကနေ သမုဒ္ဒရာကြီးကို ကယ်တင်ဖို့ နှင့် ယခုဆိုးရွားစွာ ခြိမ်းခြောက်ခံနေရတဲ့ အဏ္ဏဝါအသက်ကို ထိန်းသိမ်းထားဖို့ ရည်မှန်းထားပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ယခင်ထဲက ပလတ်စတစ်အိတ်နှင့် ဖော့ဘူးခွံတွေကို ပိတ်ပင်ထားခဲ့ပြီး ဖြစ်တာကြောင့် ပလတ်စတစ်ရေဗူးတွေကို တားမြစ်ခြင်းက ၎င်းမြို့မှာနေထိုင်သူများကို အံ့အားသင့်စရာ မဖြစ်လာခဲ့ပါဘူး။ ပလတ်စတစ်တွေက ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး bisphenol A or BPA ကဲ့သို့သော လူသားတွေရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီ ရေထဲကို တွယ်ကပ်သွားတဲ့ အမျိုးမျိုးသော ဓါတုပစ္စည်းများကြောင့် လူသားတွေကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒီမြို့မှာ နေထိုင်သူများဟာ တူညီတဲ့အကြောင်းရင်းများအတွက် တတ်ကြွစွာ အတူတူ တိုက်ပွဲဝင်ကြပါတယ်။ Save The Bay of San Franciscoဟာ ပင်လယ်အော်နှင့် ဧရိယာတစ်ဝိုက်ကို သန့်ရှင်းဖို့ ၁၉၆၁ခုနှစ်ကတည်းက ကယ်လီဖိုးနီးယား စေတနာ့ဝန်ထမ်းအားလုံးနှင့်အတူ လည်ပတ်ဆောင်ရွက်နေတဲ့ ဒေသခံ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မြို့တော်အာဏာပိုင်တွေရဲ့ ရည်မှန်းချက်က ၂၀၂၀မှာ စွန့်ပစ်ပစ္စည်းအားလုံး ကင်းစင်တဲ့ မြို့ဖြစ်လာဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ၈၀ရာခိုင်နှုန်းဘက်ရောက်နေပြီ ဖြစ်တာကြောင့် ထိုကဲ့သို့သော အလုပ်ကြီးကို လုပ်ရခြင်း ဖြစ်ပါတယ်။

“ဆန်ဖရန်စစ္စကိုမှာ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်အတွက် တိုက်ပွဲဝင်မယ့်နည်းလမ်းကို ဦးဆောင်နေခဲ့ပါပြီ။ ယခု မြို့ကလူတွေဟာ ရေပုလင်းကို ဘုံဘိုင်ခေါင်းအောက်မှာ ပြန်ဖြည့်ပြီးသာ ယူဆောင်နိုင်ပါတယ်။ ရေအခမဲ့ဖြည့်လို့ရတဲ့ ဘူတာတွေ ဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးမှာ ရှိနေပါပြီ”လို့ ဘုတ်အဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ David Chiu က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စည်းကမ်းချိုးဖောက်သူတွေအတွက် ဒဏ်ကြေးကို $1,000 သတ်မှတ်ထားပါတယ်။ ပြန်သုံးနိုင်တဲ့ပုလင်းတွေက မြို့မှာ ခေတ်ရေစီးကြောင်း အသစ်တစ်ခုလို ဖြစ်နေပါပြီ။

Credit : Lifestyle Myanmar

သတင်းသစ်များ