ထူးဆန်းထွေလာ   နည်းပညာ   

အင်္ဂါဂြိုလ်ပေါ်ကို ပထမဦးဆုံးခြေချသူလူသား ဖြစ်လာမယ့် (၁၇)နှစ်အရွယ်မိန်းကလေး

Star Wars ဇာတ်ကားတွေ အခုချိန်ထိ ပေါ်ပြူလာဖြစ်နေတာကိုထောက်ရင် လူသားတွေဟာ အာကာသနဲ့ ဂြိုလ်ကမ္ဘာတွေအပေါ်မှာ များစွာစိတ်ပါဝင်စားမှု ရှိနေတာကို တွေ့ရပါတယ်။ ကမ္ဘာမြေကနေ မိုင်သန်းပေါင်းများစွာဝေးကွာပြီး ကိုယ်မရောက်ဖူးတဲ့နေရာကို သွားဖို့အတွက်ဆိုတာ တော်တန်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နာဆာက အသက်(၁၇)နှစ်အရွယ် အဲလစ်ဆာကာစန်အမည်ရ မိန်းကလေးတစ်ဦးကတော့ အခုအခါ အင်္ဂါဂြိုလ်ကို ပထမဆုံးခြေချမယ့် လူသားတစ်ဦးအနေနဲ့ လေ့ကျင့်ရေးယူနေတယ်လို့ သိရပါတယ်။

သက္ကရာဇ် (၂၀၃၃)ခုနှစ် အလစ်ဆာအသက်(၃၂)နှစ်အရွယ် ရောက်တဲ့အခါ သူမဟာ အနီရောင်အင်္ဂါဂြိုလ်ဆီကို ပျံသန်းထွက်ခွာမှာ ဖြစ်ပါတယ်။ ဂြိုလ်ပေါ်ကို ရောက်ရှိတဲ့အခါ သူမဟာ အင်္ဂါဂြိုလ်ရဲ့မြေပေါ်မှာ စိုက်ပျိုးရေးပြုလုပ်မှာဖြစ်ပြီး ဂြိုလ်ပေါ်မှာ သက်ရှိလူသားတွေ မှီတင်းနေထိုင်နေတဲ့ လက္ခဏာရှိ၊မရှိကို (၂-၃)နှစ်တာ ကာလအတွင်း လေ့လာစမ်းသပ်ရမှာဖြစ်ပါတယ်။

အဲလစ်ဆာဟာ သူမအသက်(၃)နှစ်အရွယ်မှာ အင်္ဂါဂြိုလ်အကြောင်း နောက်ခံဇာတ်လမ်းပါ The Backyardigans ကာတွန်းဇာတ်လမ်းတွဲတွေကို ကြည့်ပြီးကတည်းက သူမရဲ့စွန့်စားလိုစိတ်တွေဟာ အခြေတည်လာခဲ့တာပါ။ ကလေးဘဝတစ်လျှောက်လုံးမှာလည်း အဲလစ်ဆာရဲ့ အာကာသထဲ စူးစမ်းလေ့လာချင်တဲ့ စိတ်ဟာ ပြင်းထန်ခဲ့ပါတယ်။ အသက်(၇)နှစ်အရွယ် အာကာသတွင်း လေ့လာရေးသင်တန်းတစ်ခုကို တက်ရောက်ပြီးနောက်မှာ သူမရဲ့ဝါသနာဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။

သူမအသက်(၁၂)နှစ်အရွယ်ရောက်တဲ့အခါမှာ အဲလစ်ဆာဟာ နာဆာရဲ့အာကာသစခန်းသုံးခုကို သွားရောက်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ နာဆာရဲ့ အာကာသစခန်းတွေဟာ အမေရိကန်နိုင်ငံ အလယ်ဘားမား၊ ကနေဒါနိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာရှိပါတယ်။ အဲလစ်ဆာဟာ အသက်(၁၈)နှစ်ပြည့်မှ အာကာသယာဉ်မှုးတစ်ဦးအဖြစ် လျှောက်ထားခွင့်ရမှာဖြစ်ပါတယ်။ နာဆာကတော့ ရည်မှန်းချက်ကြီးမားတဲ့သူမကို အခုကတည်းက အာကာသတွင်း ခရီးစဉ်တွေနဲ့ပတ်သက်လို့ သေချာလေ့ကျင့်ပေးနေပြီး သူမရဲ့ ချစ်ရေးချစ်ရာကိစ္စကို တားမြစ်ထားတယ်လို့ သိရပါတယ်။

Credit : လင်းလင်း (ShweMom)

သတင်းသစ်များ