ပညာရေး      

ဆယ်တန်းအောင်မြင်ပြီးသူများ… ဂျာမနီ နဲ့ ပူပေါင်းဖွင့်လှစ်တဲ့ …အင်းစိန် GTI ကျောင်းကို… လျှောက်ထားနိုင်

လာ မယ့် ဒီဇင်ဘာ ၁ ရက်နေ့ ကျောင်းဖွင့်ချိန်ကစပြီး အင်းစိန်ဂျီတီအိုင် (GTI) ကျောင်းကို ပြန်လည်ဖွင့်လှစ်ဖို့လျာထားပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

မြန် မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နည်းပညာသက်မွေးပညာနဲ့လေ့ကျင့်ရေးဦးစီးဌာနနဲ့ ဂျာမနီနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့(GIZ) အဖွဲ့အစည်းတို့ ပူးပေါင်းပြီးပြန်လည်ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

သက်မွေးပညာသင်တန်းဖြစ်တဲ့အတွက် ဝင်ခွင့်လမ်းညွှန်ထဲမှာ မပါဘဲ သီးသန့်ဝင်ခွင့် ခေါ်ယူမှာဖြစ်တယ်လို့ နည်းပညာနဲ့ သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အင်း စိန် ဂျီတီအိုင်ကျောင်းမှာ မြို့ပြအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာသင်တန်း၊ လျှစ်စစ်အင်ဂျင်နီယာသင်တန်းနဲ့ သတင်းအချက်အလက်နည်းပညာသင်တန်း စတဲ့ သင်တန်းငါးခုကို ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

ကျောင်း ကို သိပ္ဗံတွဲနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ လျှောက်ထားခွင့်ပြုမှာဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့ လူဦးရေပေါ်မူတည်ကာ ပထမဆုံးအကြိမ်မှာ လူဦးရေ ၂၀ဝ ခန့်လက်ခံသင်ကြားပေးဖို့မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန် မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘယ်ဒေသကမဆို လျှောက်ထားခွင့်ပြုမှာဖြစ်ပြီး သုံးနှစ်ကြာတက်ရောက်ရမှာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းတွေမှာသင်ကြားပေးမယ့် သင်ရိုးညွှန်းတမ်းတွေအတွက် ဂျာမနီနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းနဲ့ညှိနှိုင်းရေးဆွဲထားပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဂျီတီအိုင်ကျောင်းတွေရဲ့သင်ရိုးနဲ့အတူတူ ရေးဆွဲထားတယ်လို့လည်း သိရပါတယ်။

Credit – Duwun

သတင်းသစ်များ