နည်းပညာ      

PUBG Mobile Update 0.13.0 Update ဘယ်လို Feature အသစ်တွေပါလာလဲ?

လက်ရှိ Mobile Phone လောကရဲ့အအောင်မြင်ဆုံး ဂိမ်းကိုပြောပါဆိုရင် PUBG က ထိပ်ဆုံးနေရာမှာ ရှိနေလိမ့်မယ်လို့ထင်ပါတယ်။နေ့စဉ် ဝင်ရောက်ဆော့ကစား သူ သန်း၅၀ အထက်မှာ ရှိနေသလို တစ်နေ့ထက်တစ်နေ့ဝင်ရောက်ဆော့ကစားတဲ့ အရေအတွက်ကလည်း ပိုမို များပြားတဲ့ ပမာဏ ဘက်ကိုပဲ ဦးတည် သွားနေတာပါ။ တစ်လကို အမြတ်ငွေ ဒေါ်လာ ၁၄၆ သန်းထိရရှိနေတဲ့ PUBG ရဲ့အဓိက အောင်မြင်ချက်တွေထဲမှာ Update ပေးတဲ့ အခါတိုင်း Feature အသစ်တွေ ထည့်ပေးလေ့ ရှိတဲ့ အတွက်ကြောင့်ဆိုလဲမမှားပါဘူး။ အခုနောက်ဆုံး PUBG Mobile အတွက်ကိုတော့ Update 0.13.0 Patch ကိုထုတ်ပေးလိုက်ပြီဖြစ်သလို ဒီနေ့မှာတော့ ဒီ Update အသစ်ထဲမှာ ဘယ်လို Feature အသစ်တွေပါလာသလဲ ဆိုတာ ပြောပေးသွားမှာပါ။

  • Deathmatch Mode
  • အရင်တုန်းက ကျွန်တော်တို့Counter Strike ကစားခဲ့သလိုမျိုးတစ်ဖက်နဲ့တစ်ဖက်အဖွဲ့ခွဲပြီး ကစားနိုင်တဲ့ Mode အသစ်တစ်မျိုးပါဝင်လာပြီး ဒီ Deathmatch ထဲမှာတော့ တစ်ဖက်ကို ၄ယောက်စီ ခွဲကစားနိုင်မှာဖြစ်သလို First Person (FPP) ဒါမှမဟုတ် Third Person Perspective (TPP ) ကြိုက်သလို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။အဖွဲ့(၂) ထဲမှာမှ 40 Kills အရင် ရတဲ့ အဖွဲ့ကအနိုင်ရမှာဖြစ်ပြီး ဒီ Deathmatch Mode အတွက်ကိုတော့ Mini map လဲပါဝင်လာမှာပါ။ Deathmatch ကစားဖို့အတွက် Custom rooms ထောင်ပြီး ဆော့ကစားရမှာပဲဖြစ်ပါတယ်။
  • FPP ( First Person Perspective ) ကစားတဲ့ သူတွေအတွက် သီးသန့် Setting တစ်ခုထပ်ထည့်ပေးထားတယ်လို့သိရှိရပြီး ကစားတဲ့သူအနေနဲ့ TPP နဲ့ FPP အတွက် Setting တစ်ခုစီခွဲထားပြီးကစားနိုင်မှာပါ။
  • Vikendi Map မှာတော့ ကစားတဲ့သူတွေအနေနဲ့ ခြေရာတွေ ၊ ထွားသွားထားတဲ့ အရာတွေနဲ့ကားတာယာ အရာတွေကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။
  • အချင်းချင်း သတ်မိတဲ့အခါမျိုးမှာ မတော်တဆသတ်မိခြင်းလား ဒါမှမဟုတ် တမင် သတ်မိခြင်းလားကို ဆုံးဖြတ်ပေးရမှာဖြစ်ပြီး Merit မလျော့အောင်ရွေးချယ်ပေးနိုင်တော့မှာပဲဖြစ်ပါတယ်။
  • Theme အသစ်အနေနဲ့ Godzilla Theme အသစ်ပါဝင်လာပြီး ဒီ Theme အသစ်ကို Lobby ရဲ့ Background မှာရွေးချယ်ထားနိုင်မှာဖြစ်သလို အခြားသော rewards တွေ လည်းထည့်သွင်းပေးထားပါသေးတယ်။
  • Popularity Gift Ranking Reware အသစ်ထည့်သွင်းပေးထားပြီး အပတ်စဉ်တိုင်းမှာ ထိပ်ဆုံးက အယောက် ၁၀၀ အတွက် Title အသစ်ပေးသွားမှာပဲဖြစ်ပါတယ်။
  • 3rd Party App တွေကို ကာကွယ်ပေးတဲ့ System အသစ် Upgrade မြင့်တင်ပေးထားပြီး ခိုးပြီးဆော့ကစားတာမျိုးတွေ emulators နဲ့ဆော့ကစားတာတွေကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
  • Zombie Mode မှာတော့ Zombie အသစ် ၄ ကောင် ထပ်ထည့်ပေးထားပါသေးတယ်။

ဒီလို Feature အသစ်တွေအပြင် အခြားသေးသေးမွှားမွှား Update တွေက လည်းမနဲမနောပါတဲ့ PUBG Update ကိုတော့ Gamer တော်တော်များများ Download ဆွဲ ပြီးဆော့နေလောက်ပြီလို့ထင်ပါတယ်။ တစ်ကယ်လို့Update မလုပ်ရသေးရင်လည်း အသစ်ပါလာတဲ့ Deathmatch ကတော်တော်လေးဆော့လို့ကောင်းတဲ့ အတွက်ကြောင့် Update လုပ်ပြီး စမ်းကစားကြည့်ဖို့အတွက် တိုက်တွန်းလိုက်ပါရစေ။

Credit : PUBG

သတင်းသစ်များ