နည်းပညာ      

Waterdrop Notch/ ကျောဘက် ကင်မရာ ( ၄ ) လုံးထိပါတဲ့ Huawei Nova 5 ပုံများထွက်ရှိလာ

Huawei အနေနဲ့သူတို့ရဲ့ mid-range Series ထဲက Nova 5 နဲ့ Nova 5i တို့ကို နောက်တစ်ပါတ် သောကြာနေ့ June လ ၂၁ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ အစောပိုင်းမှာ Nova 5 နဲ့ပတ်သတ်တဲ့ပုံစံတွေ render တွေထွက်ရှိလာပြီး ဖြစ်သလို အခုတစ်ခါမှာတော့ ဖုန်းရဲ့ပုံစံနဲ့တကွ အချက်အလက်တွေပါ တစ်ပါတည်းထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Nova 5 မှာတော့ ခုနောက်ပိုင်း mid-range ဖုန်းတွေမှာ အသုံးအများဆုံးဖြစ်တဲ့ waterdrop notch display နဲ့ပဲ ထွက်ရှိလာနိုင်ဖွယ်ရှိနေပြီး ဘေးဘက်ဘောင်တွေရဲ့Curve Design ကြောင့် တော်တော်လေးကိုလုံးဝန်းတဲ့ပုံစံနဲ့ထွက်ရှိလာခဲ့တာပါ။ကျောဘက်မှာတော့ ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ကင်မရာ ၄ လုံးထိပါဝင်လာဖို့ရှိနေပြီး တစ်လုံးကတော့ TOF လို့ခေါ်တဲ့ Time of flight Sensor အနေနဲ့ပါဝင်လာဖို့ရှိနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောဘက်မှာ Finger Print Scanner မတွေ့ရတဲ့အတွက် Under Display Finger Print Scanner အနေနဲ့ထွက်လာဖို့ရှိနေပြီး Under Display Finger Print Scanner အသုံးပြုလာမယ်ဆိုရင်တော့ သေချာပေါက် OLED Display Panel ကိုအသုံးပြုလာဖို့ရှိနေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Nova Series မှာ Huawei အနေနဲ့ Flagship Processor တွေ ထည့်သုံးပေးလေ့ရှိတဲ့ အတိုင်း အခု Nova 5 မှာလည်း Kirin 980 SoC နဲ့ထွက်လာဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။ Nova 5i မှာတော့ mid-range Processor ဖြစ်တဲ့ Kirin 710 SoC ကို အသုံးပြုလာဖွယ်ရှိနေတယ်လို့TENAA က ရရှိတဲ့ သတင်း အချက်အလက်တွေ အရလဲသိရှိရပါတယ်။

အခြားသော ကင်မရာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ကိုတော့ မသိရှိ ရသေးပဲ အခုထွက်ရှိလာတဲ့ပုံစံတွေအရဆိုရင်တော့ အရောင် ၄ ရောင်အထိ ထုတ်လုပ်လာဖို့ရှိနေတာပါ။ လောလောဆယ်မှာတော့ ဒီ Nova Series ဟာ တရုတ်ပြည်တွင်းမှာစတင်ရောင်းချပေးသွားဖို့ရှိနေတဲ့အတွက် လတ်တလော ဖြစ်ပျက်နေတဲ့ Trade War ပြသာနာတွေဟာ ဒီဖုန်းအပေါ်ထိခိုက်မှုတော့ ရှိမှာမဟုတ်ဘူးလို့လဲ တစ်ချို့တွေ ကသုံးသပ်ပေးထားကြပါသေးတယ်။ ဘာပဲပြောပြော လာမဲ့ သောကြာနေ့မှာ တရားဝင် မိတ်ဆက်တော့မဲ့ Huawei Nova 5 ကတော့ Trade War တွေဖြစ်ပြီးတဲ့နောက် Huawei ရဲ့ပထမဆုံးထွက်ရှိလာမဲ့ဖုန်းဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။

Credit : HUAWEI

သတင်းသစ်များ