ပညာရေး      

ဂျပန်မှာသွားရောက်ပညာသင်နိုင်မယ့် Iuchi ( အိအုချိ) Full Scholarship

ဆယ်တန်းအောင်စာရင်းတွင် အမှတ် ၄၈၀နှင့် အထက်ရရှိ သူများနှင့် ၂၀၁၈ မတ်လ ဆယ်တန်းစာမေးပွဲတွင် အမှတ် ၄၈၀နှင့်အထက်ရရှိပြီး ယခုအချိန်တွင် ပထမနှစ် တက္ကသိုလ် တက်ရောက်နေသောသူများ လျှောက်ခွင့်ရှိသော ဂျပန်မှာသွားရောက်ပညာသင်နိုင်မယ့် Full Scholarship ဖြစ်ပါတယ်။

Iuchi ( အိအုချိ) Full Scholarship အတွက် May 30 ( ကြာသပတေးနေ့) မှစတင်ပြီးလျှောက်လွှာများ လာရောက်ထုတ်ယူခွင်ရနေပြီဖြစ်ပါတယ်။

၁။ လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

၂။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အတွင်း မွေးဖွားသူသာလျှင် လျှောက်နိုင်သည်။

၃။ အခြေခံအားဖြင့် ၂၀၁၈ ခုနှစ် မတ်လ သို့မဟုတ် ၂၀၁၉ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံအထက်တန်းကျောင်းနှင့် ညီမျှသော အတန်းကျောင်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်ပြီးသူ။

၄။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၄ ဘာသာနှင့်အထက်
ဘာသာများတွင် ၇၅ မှတ် နှင့်အထက်ရရှိသူ ( သို့မဟုတ်) ၆ဘာသာစုစုပေါင်းရမှတ် (၄၈၀) နှင့် အထက် ရရှိထားသောသူ (ရနိုင်ခြေရှိသူ) များ လာလျှောက်လျှောက်ထားနိုင်ပါသည်..။

ဖောင်နောက်ဆုံးပိတ်ရက်မှာ ဇွန်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။

#Crd

သတင်းသစ်များ