ဟာသ      

မေ..အိုင်..ဟဲ..ယူ

ဟလို..အမိန့်ရှိပါ စခန်းမှူးပါ

ဟုတ်....ကျနော်အမှုတိုင်ချင်လို့

ဘာဖြစ်လဲခင်ဗျာ..ကူညီပါရစေ

ကျနော်..ကျောင်းဆရာပါ
ကျောင်းကအပြန်..လမ်းကွေ့မှာ
တလမ်းကျော်က..အဖိုးကြီးကမူးပြီး
ကျနော့်ကို.ထမင်းဝအောင်စားထားလို့
ခြိမ်းခြောက်တယ်..နောက်ပြီး
နှမပေး....
..ငါ -ို းမသား..လို့၃ခါဆဲတယ်
အဲဒါခြိမ်းခြောက်မှု..
ဆဲဆိုမှုနဲ့အမှုဖွင့်ချင်လို့ပါ....

ဆရာ့ကိုယ်လုံးကိုယ်ပေါက်ပြောပါ

ဆိုင်လို့လားဗျာ..ကျနော်ကပိန်ပိန်ရှည်ရှည်

ရပါပြီဆရာ.ထမင်းဝအောင်စားထားဆိုတာ
ဆရာကပိန်လို့အားရှိအောင်..စေတနာနဲ့
ပြောတာ..ခြိမ်းခြောက်မှုမမြောက်ဘူး

အင်း..ဟုတ်သားဘဲ...မောင်မင်းကြီးသား
ကျေးဇူးတင်ရမယ်..ဒါဆိုဆဲတာဘဲတိုင်မယ်

ဟို .....နှမပေးဆိုတာက..ဆရာကို
နှမတောင်းတာ..ကမ်းလှမ်းတာဘဲ
ဆဲတာမှမဟုတ်ဘူး..သူတောင်းလဲ
ဆရာ မပေးချင်ရတယ်....

ဟုတ်လား .ဒီအရက်သမားကြီးကို
ငါဘယ်ပေးမလဲ..နောက်ဆဲတာ
တစ်ခုနဲ့ဖွင့်မယ်...

ဆရာ.အဲ့ဒီ..ဆဲတာတိုင်ချင်ရင်..
DNA အရင်စစ်
ကြည့်ရမယ်..

ဟာ..ဘာဆိုင်လဲ

သူဆဲတာကဆရာ့ကိုငါ -ို းမသားလို့
ဆဲတာမဟုတ်လား

အေးလေ..ဟုတ်တယ်

ဆရာနဲ့သူကတကယ်သားအဖ
တော်နေရင်..အမှန်ပြောတာဘဲ
ဆဲတာမဟုတ်ဘူး

ဟ..ဟုတ်သား..ဒီအဖိုးကြီးနဲ့
ငါ့အမေကကျောင်းနေဖက်တွေ
ငါ့အမေကိုချော့မေးကြည့်ရမယ်
ဒီအကြောင်းတွေလျှို့ဝှက်ပေးပါဗျာ

ဟုတ်..ဟုတ်

ကျေးဇူးဘဲ..စခန်းမှူးကြီး 

Credit : Min Moe Zaw

သတင်းသစ်များ