တေးဂီတ   ဖျော်ဖြေရေး   

ပင်းတယမြို့မှာ အသံစစ်ဆေးမှုစတင်နေပြီး လူပေါင်းများစွာလာရောက်ယှဉ်ပြိုင်ခဲ့တဲ့ myanmar idol season 4

myanmar idolပြိုင်ပွဲကြီးကတော့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ ပရိသတ်တွေကြားမှာ လူစိတ်ဝင်စားမှုအများဆုံး သီချင်းဆိုပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ myanmar idol seasonတွေတုန်းကလဲ ပရိသတ်တွေကြားမှာအတော်လေးကို ရေပန်းစားခဲ့ပြီး အနယ်နယ်အရပ်ရပ်က သီချင်းဆိုဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။  

myanmar idol season 4ကတော့ ယခင်ဒိုင်တွေဖြစ်ကြတဲ့ ရန်အောင်မျိုးကျော့မြိုင် မြန်မာပြည်သိန်းတန်တို့မပါဝင်လာဘဲ ဒိုင်အသစ်တွေနဲ့ စတင်ကျင်းပလိုက်ပြီဖြစ်ပါတယ်။ ဒိုင်တွေဖြစ်ကြတဲ့ တေးရေးအောင်ကိုလတ် တေးသံရှင် တင်ဇာမော်နဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့က ဒိုင်အသံစစ်ဆေးပြီး ကျင်းပပြုလုပ်မှာပဲဖြစ်ပါတယ်။  

myanmar idol season 4 ကတော့ ယခုမှာစတင်လိုက်ပြီဖြစ်ပြီး ပြိုင်ပွဲဝင်တွေကို စတင်အသံစစ်ဆေးမှုတွေ စတင်နေကြပြီလဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပင်းတယမြို့မှာ အသံစစ်ဆေးမှုစတင်နေပြီး လူပေါင်းများစွာလာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် myanmar idol season 4လာရောက်အသံစစ်ဆေးကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Credit : myanmar idol season 4

သတင်းသစ်များ