အားကစား      

အင်တာမီလန်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်း ထွက်ပေါ်လာတဲ့ #လူကာကူ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ ရိုမီလူ လူကာကူ ဟာ အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ ဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘော တူညီမှု ရရှိ ခဲ့ပြီ လို့ သိရှိ လိုက်ရ ပါတယ် ။

ဘယ်လ်ဂျီယံ စတား လူကာကူ ဟာ အင်တာ မီလန် အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာ သူ အန်တိုနီယို ကွန်တီ ရဲ့ နွေ အပြောင်း အရွှေ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်ပြီး ၊ ဒီနွေ အတွင်း အသင်း ပြောင်းဖို့ သတင်း ထွက်ပေါ် နေခဲ့ တာ ကြာပါပြီ ။

Gazzetta Dello Sport ရဲ့ ဖော်ပြချက် မှာတော့ လူကာကူ ဟာ 2024 ခုနှစ် အထိ အင်တာ မှာ ရှိနေ ဖို့ သဘော တူညီ မှု ရရှိ ခဲ့တာ ဖြစ်ပြီး တစ်နှစ် ပေါင် 6.6 သန်း ရရှိ လိမ့်မယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန် အထိ တော့ ကလပ် အသင်း နှစ်သင်း အကြား ပြောင်းရွှေ့ ကြေး ဆိုင်ရာ သဘော တူညီ မှု မရရှိ သေးဘူး လို့ သိရှိ ခဲ့ရ ပါတယ် ။ ယူနိုက်တက် ဟာ လူကာကူ အတွက် ပေါင် 62 သန်း အထိ အလို ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

အသက် 26 နှစ်သာ ရှိနေ သေးတဲ့ လူကာကူ ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲ ကစား ချိန် နည်းပါး ခဲ့တဲ့ အတွက် အခု လို အသင်း မှ ထွက်ခွာ လို နေတာ ပဲ ဖြစ် ပါတယ် ။

ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ လာ ကတည်းက ပြေးလွှား လှုပ်ရှား မှု အားကောင်း တဲ့ ရပ်ရှ်ဖို့ ကို လူကာကူ ထက် ပိုပြီး ဦးစား ပေး ပွဲထွက် ကစား စေခဲ့ ပါတယ် ။

ဒါ့ကြောင့် လူကာကူ ဟာ မကြာ သေးခင် က အီတလီ အခြေ စိုက် ကလပ် ဆီ ပြောင်းရွှေ့ လိုကြောင်း အရိပ်အမြွတ် ပြောကြား ခဲ့ပါ သေးတယ် ။

” ကျွန်တော် ဟာ အီတလီ ကလပ် အသင်း ရဲ့ ကြီးမား တဲ့ ပရိသတ် တစ်ဦး ပါ ။ ကျွန်တော် ပွဲစဉ် တွေ ကစား ပေးဖို့ အမြဲ လို အိပ်မက် မက်နေ ခဲ့တဲ့ လိဂ် 2 ခု ရှိခဲ့ ဖူး ပါတယ် ။ တစ်ခု က ပရီးမီးယား လိဂ် ဖြစ်ပြီး နောက် တစ်ခု ကတော့ စီးရီးအေ ပါပဲ ”

” စီးရီးအေ ကို ကျွန်တော် အတော်လေး နှစ်ခြိုက် လှ ပါတယ် ။ ကျွန်တော် အီတလီမြေ ကိုလည်း အတော်လေး နှစ်ခြိုက် သဘောကျ ပါတယ် ။ စီ ရော်နယ်ဒို ရဲ့ ပြောင်းရွှေ့ ခဲ့မှု နဲ့ အတူ အီတလီ ဟာလည်း အကောင်းဆုံး လိဂ် အဖြစ် ပြန်လာ ပြီလို့ ကျွန်တော် ထင် ပါတယ် ”

” ဒါ့အပြင် ကွန်တီ အင်တာ မီလန် ကို ရောက်ရှိ သွားတာ လည်း တစ်ကယ့် ကို ကောင်းမွန် လှ ပါတယ် ။ သူဟာ ကျွန်တော့် အတွက် တော့ ကမ္ဘာ့ အကောင်းဆုံး နည်းပြ တစ်ဦး ပါပဲ ”

” ကျွန်တော် သူနဲ့ ပတ်သက် လို့ ဘယ်လို အတွေးအခေါ် ရှိနေ လဲ ဆိုတာ ကွန်တီ ကောင်းကောင်း သိ ပါတယ် ။ ကျွန်တော် ဟာ တော်ရုံ တော့ နည်းပြ တစ်ယောက် နဲ့ ပတ်သက် ပြီး ဘယ်လို ဆက်ဆံရေး ရှိနေ သလဲ ဆိုတာ ပြောလေ့ မရှိတက် ပါဘူး ”

” ကျွန်တော် ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဖြစ်နေ ပြီး အသင်း အပေါ် ကျွန်တော် လေးစား မှု အပြည့် ထားရှိ ရ ပါ့မယ် ” လို့ လူကာကူ က ဆိုသွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

Credit : Sports Myanmar

သတင်းသစ်များ