ကဗျာ      

နေ့စွဲမရှိတဲ့အချစ်

မမေ့ရဲပေမယ့်
တနေ့ခွဲရမှာတော့ သိတယ်ခင်...။

နေ့စွဲမဲ့အချစ်၊ မမေ့ရဲတဲ့ အဖြစ်တွေမို့၊
ယနေ့လည်း သစ်ဆဲ သစ်မြဲလို့ထင်....။

"ဘာသံမှ မကြားချင်ဘူးနော်" တဲ့၊
အမိန့်တော်လို အမှာစကားတွေနဲ့၊
အခါတပါးက သူ့သံစဉ်၊
အခုပြန်မြင်ရဲ့ သူ့အမူအနွဲ့....။

တရံတခါဆီက၊
ဒဏ္ဍာရီလို အဖြစ်တခုလို့၊
ချစ်သူ့အတွေးမှာ ပုံပြင်မှတ်ပါသလား...၊
စိမ်းပြတ်နာ မာနအငွေ့တွေနဲ့၊
တိမ်းဖြတ်ကာ ထာဝရမေ့ချင်လို့၊
မတွေ့သာအောင် သခင်ခွဲတော့မှ
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
အချစ်ရယ် .....လွမ်းလို့ကျန်ရဲ့......။

မောင်စိန်ဝင်း (ပုတီးကုန်း)
 

သတင်းသစ်များ