ကဗျာ      

အိပ်မက်တိတ္ထုံ

ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။

ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။

စိတ်ကူးတွေကို ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။
မျှော်လင့်ချက်တွေကို ယုတ္တိမရှိဘူးလို့ဝေဖန်ရင်
တရားမျှတပါ့မလား။

ကျွန်တော့်နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။

Credit : မင်းလူ    

သတင်းသစ်များ