နည်းပညာ      

Snapdragon 730 SoC နဲ့ Xiaomi Mi 9T ကို ဥရောပမှာမိတ်ဆက်

Xiaomi ကတော့ ဥရောပမှာ Redmi K20 တစ်ဖြစ်လည်း Mi 9T ကို တရားဝင် မိတ်ဆက်ပေး လိုက်ပြီ ပဲဖြစ်ပါတယ်။ အစောပိုင်းမှာ အားလုံး ခန့်မှန်းထားကြတာကတော့ Redmi K20 Pro နဲ့ Specification တွေ တူညီလိမ့်မယ် လို့ခန့်မှန်းထားကြပေမဲ့လည်း တစ်ကယ်တန်းထွက်ရှိ လာချိန်မှာတော့ Redmi K20 နဲ့ပိုမို နီးစပ်တံဲ့ Specification တွေနဲ့ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။

Xiaomi Mi 9 T မှာတော့ Display အနေနဲ့ ၆.၃၉ လက်မရှိတဲ့ AMOLED Display ကို 2340×1080 Full HD+ resolution ကိုအသုံးပြုပေးထားပြီး Finger Print Scanner ကိုလည်း In Display Finger Print Scanner ကို အသုံးပြုပေးထားတာပါ။ Fullview Display ဖြစ်အောင် Pop up Selfie Camera ကို အသုံးပြုပေးထားပြီး Pop-up selfie Camera မှာတော့ 20 megapixel ရှိတဲ့ f/2.2 Selfie ကင်မရာ ကို တပ်ဆင်ပေးထား ပါသေးတယ်။

ကျောဘက်မှာတော့ Triple Camera တပ်ဆင်ပေးထားပြီး 48 megapixel Aperture f/1.8 ကင်မရာကို Main sensor ကို တပ်ဆင်ပေးထားပြီး နောက်ထပ် 8 megapixel f/2.4 Telephoto camera ကို တပ်ဆင်ပေးထားပြီး နောက်ထပ် 13 megapixel f/2.4 ultrawide Camera ကို တပ်ဆင်ပေးထား ပြီး ထွက်ရှိလာတာပဲဖြစ်ပါတယ်။

Xiaomi Mi 9T ကိုတော့ Qualcomm ရဲ့Snapdragon 730 SoC ကို သုံးပေးထားသလို RAM အနေနဲ့6GB/64GB နဲ့ RAM 6GB/128 GB ဆိုပြီး Version နှစ်မျိုး ထုတ်လုပ်ပေး လိုက်တာပဲ ဖြစ်ပါတယ်။Battery အနေနဲ့တော့ 4000 mAh ကိုအသုံးပြုပေးထားပြီး 18W ထိကို First Charge Support လုပ်ပေးနိုင်မှာပါ။

ဈေးနှုန်းအနေနဲ့ 6GB/64GB အတွက် Euro 299 ( မြန်မာငွေကျပ် ၅သိန်း၂ သောင်း ) ဝန်းကျင်ခန့်နဲ့ RAM 6GB/120GB အတွက် ကိုတော့ Euro 369 ( မြန်မာငွေကျပ် ၆သိန်း ၄သောင်း ) ဝန်းကျင် ခန့်နဲ့June လ ၁၇ ရက်နေ့မှာစတင်ရောင်းချပေးသွားမယ်လို့သိရှိရပြီး အရောင်တွေ အနေနဲ့တော့ Blue, Red နဲ့ Black ဆိုပြီး ၃ရောင်ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

Credit : Myanmar Mobile Phones Review

သတင်းသစ်များ