ဟာသ      

မိန်းမတစ်ယောက်ရဲ့ဂလဲ့စား

မိန်းမတစ်ယောက်ရဲ့ဂလဲ့စား ….

“ မောင် ” အခုတလော ခြေလှမ်းတွေပျက်နေတာ သတိထားမိသည် ။ ကျွန်မ မဟုတ်သော မိန်းကလေး ကို
“ မောင် ” တွယ်တာနေသည် ။ ကျွန်မသည် အလွန်သဝန်တို တတ်သောမိန်းမဖြစ်သည်ကို “ မောင် ” မသိခဲ့လေသလော …..
ကျွန်မ “ မောင် ” အားအဆုံးရှုံးမခံနိုင်ပါ ၊ တခြားမိန်းမ လက်ထဲသို့လဲ ထည့်၍ မပေးနိုင်ပါ ၊ ကျွန်မ ၏ အချစ်သည် မရယူရလိုလျှင် တစုံတစ်ဦးလက်ထဲ သို့လဲ ပျော်ရွှင်စွာမပေါင်းဖက်စေလိုပါ ….
ထို့ကြောင့် ကျွန်မ ပြောင်းလဲခဲ့သည် ။

“ မောင် ” နှင့် တွေ့တိုင်း …..

“ မောင့် ” မျက်နှာတွေ မဲနေသလိုပဲနော် ရော့ Revlon set လေး သုံးပါ ၊ နူတ်ခမ်းတွေလဲခြောက်နေတယ် နော် စိုပြေသွားအောင် Loral’s လေး သုံးပါ ”

“ ok ပါ ချစ် ကျေးဇူး ”

၁ လ ကြာသော်အခါ ….

“ မောင် ” bady spa သွားရအောင်နော် ဒီနေ့ မောင့် အသားတွေ ညိုနေသလိုပဲ ပြန်ရင်လဲ Bella set နဲ့ Garnier set ဝယ်ဖို့မမေ့နဲ့အုန်း ”

“ ဟင် ဟုတ်လား သွားရအောင်နော် ချစ် ”

၃ လ ကြာသော် …..

“ ချစ် ကို တိုင်ပင်ချင်လို့ ”

“ ပြောပါ မောင် ”

“ မောင် ” တို့ဘဝရှေ့ရေးအတွက်စီးပွားရေးလုပ်ရတော့ မယ်လေ အဲ့တာမောင် အလှပြင်သင်တန်းတက် ရင်ကောင်းမလားလို့ ”

“ အော် ကောင်းတာပေါ့ မောင်ရယ် ဒီဖက်ခေတ်မှာ အလှဖန်တီးရှင်တွေက မိန်းကလေး ထက် ယောင်္ကျားလေးက ပိုအောင်မြင်ကြတာလေ ”

“ အင်း အဲ့တာဆို မောင် သင်တန်းတက်လိုက်တော့မယ် နော် ချစ် ကို ကျေးဇူးတင်ပါတယ် ကိုယ့်ကို လမ်းကြောင်း တစ်ခုပေါ်ရောက်အောင် လမ်းပြပေးခဲ့လို့ ”

“ အော် ချစ်သူချင်းတွေပဲ မောင် ရယ် ”

၁ နှစ်ကြာသောအခါ ……

“ ဟယ် ကမ တွေရေ customer တွေကိုသေချာဆက်ဆံ
နော် သူတို့က ငါတို့ရဲ့ ထမင်းရှင်ဟဲ့ $ ကောင်မတွေက ပိုင်ရှင်မရှိရင်မရှိသလိုပဲ အလုပ်လုပ်တာ လက်ကြောမတင်း ချင်ဘူး အဆံကြတော့ အချိန်တန်ရင် လိုချင်တယ် ”

သူ့အသံ ကို ကျွန်မကြားပြီးနောက် ….

Sorry ပါ မောင် ကျွန်မ ကလဲဘယ်သူ့ကိုမ သစ္စာမဖောက် သလို ကျွန်မ ကို သစ္စာဖောက်ရင်လဲ ကျွန်မကသည်းမခံတတ်လို့ပါ …..

အခုတော့ မောင့် ကို ဘယ်သူ့လက်ထဲမှထည့်ပေးစရာ မလိုတော့ဘူးလေ …..

#Credit

သတင်းသစ်များ