ဖက်ရှင်      

တတိယအကြိမ်မြောက် Indonesia Fashion Week 2019 သွားရောက်ပြသနေခဲ့သည့် ဒီဇိုင်နာ မေမြတ်ဝါဆို

ဒီဇိုင်နာ မေမြတ်ဝါဆို ကိုယ်တိုင်ဖန်တီးထားတဲ့ မြန်မာချည်ထည်တွေ နှင့် ချူပ်လုပ်ထားသော ၊ပန်းချီလက်ရာများပါဝင် ၊ ဖက်ရှင်အထည်များကို နှစ်စဉ် အင်ဒိုနီးရှား နိုင်ငံ မှာပြုလုပ်တဲ့ Indonesia Fashion Week တွင် ယခု ၂၀၁၉ ခုနှစ် တွင်လည်း သွားရောက်ပြသရန် စီစဉ်ထားတယ်လို့သိရပါတယ်

" Indonesia Fashion Week ရဲ့President ဖြစ်တဲ့ Poppy Dharsono က အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးမင်းလွင် နှင့် ဇနီး ဒေါ်စံပယ်ဝင်း မှတဆင့်ဖိတ်ကြားခဲ့တာပါ ၊ Indonesia Fashion Week 2019 ပွဲကြီးကို Indonesia နိုင်ငံ Jakarta Convention Centre မှာပြုလုပ်ကျင်းပတာဖြစ်ပါတယ် ဒီပွဲမှာ Indonesia မှဒီဇိုင်နာများအပြင် ၊Italy,Australia,French,Malaysia,Myanmar,Turkey အစရှိတဲ့နိုင်ငံတွေမှဒီဇိုင်နာများလည်းလာရောက်ပြသကြပါတယ် ၊ ပြပွဲကတော့ ညီမတို့ March (27-31)ရက်နေ့အထိပြုလုပ်ကျင်းပခဲ့တာပါ ၊ ဒီဇိုင်နာမေမြတ်ဝါဆိုသွားရောက်ပြသတဲ့ရက်မှာဘဲ opening ceremony နေ့ဖြစ်တဲ့ March 27ရက်နေ့မှာပြသခဲ့တာပါ ၊၊ ဝတ်စုံပေါင်းစုစုပေါင်း(၁၂)စုံပြသမှာဖြစ်ပြီးအင်းဝခေတ်ကိုအခြေခံထားတဲ့ဝတ်စုံများကိုမြန်မာမှုလက်မှုများဖြင့်ဖန်တီးထားတဲ့ ရွှေချည်ထိုးနဲ့ပန်းချီ ၊ ဒေါင်းရုပ်များ ၊ဇာမဏီ ဌက်ရုပ်များ နဲ့ ဖန်တီးထားတဲ့ ရှေးချိတ်ဒီဇိုင်းများ ၊ ကနုတ်ဒီဇိုင်းများဖြင့် ချူပ်လုပ်ထားတဲ့ ဝတ်စုံများ ပြသခဲ့ပါတယ်။
Indonesia Fashion Week ကိုမြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ပြသရာမှာယခုအကြိမ်နဲ့ဆို(၃)ကြိမ်မြောက်သွားရောက်ပြသခြင်းဖစ်တယ်လို့သိရပါတယ်။
Credit : 8days TV

သတင်းသစ်များ