နည်းပညာ      

XIAOMI နဲ့ BESTUNE တို့ပေါင်းပြီး XIAOMI REDMI CAR ကို ထုတ်လုပ်

တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi က တော့ ပစ္စည်းအမျိုးအစားများပြားစွာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တာ အားလုံးသိထားပြီး ဖြစ်မှာပါ။ အိမ်သုံးပစ္စည်းတွေကနေ စမတ်ဖုန်းအထိ သာမကပဲ အခုတစ်ခါမှာတော့ မော်တော်ကားပါထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်.။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bestune နဲ့အတူလက်တွဲပြီး Bestune T77 SUV မော်လ်ဒယ် ကားကို Customize ပြုလုပ်ပေးထားတဲ့ ဒီကားကို ဝယ်မယ်ဆိုရင်တော့ တရုတ်ယွမ် ၈၉၈၀၀ မြန်မာငွေ သိန်း ၂၀၀ ခန့်ကျသင့်မှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ April လ ၃ ရက်နေ့ကနေ စတင်ပြီး ဒီကားကို ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့သိရှိရပြီး Xiaomi အနေနဲ့ သူတို့ရဲ့ Product Range ကိုတိုးချဲ့ပြီး ပစ္စည်းပေါင်းစုံထုတ်လုပ်နေတဲ့အထဲမှာ Xiaomi ရဲ့ Product တွေအထဲမှာ မော်တော်ကားပါ အပါအဝင်ဖြစ်လာခဲ့ပါပြီ။အဆိုပါ Xiaomi Redmi Car ရဲ့အချက်အလက်တွေကတော့ Dimension အနေနဲ့ 4525x1845x1615 mm ရှိမှာဖြစ်ပြီး Wheelbase အနေနဲ့ 2700mm ရှိမှာပဲဖြစ်ပါတယ်။ ဒီကားတစ်စီးလုံးရဲ့အလေးချိန်အနေနဲ့ 1455 ကီလိုဂရမ်ရှိမှာဖြစ်ပြီး 1.2L Turbocharged Engine ကို တပ်ဆင်ပေးထားတာပါ။ 6-Speed MT Gearbox အမျိုးအစားကားဖြစ်ပြီး အမြင့်ဆုံး Horsepower အနေနဲ့ 143Ps ရှိမှာဖြစ်သလို Maximum Power အနေနဲ့တော့ ၁၀၅ ကီလိုဝပ်ရှိမှာပဲဖြစ်ပါတယ်။

Credit : Myanmar Mobile Phones Review

 

သတင်းသစ်များ