အစားအသောက်      

ငါးကြင်းဆီပြန်

ငါးကြင်းကို ချိုစပ် ဆီပြန်လေး ချက်ထားတာပါ။ ငါးကို ဂျုံနဲ့ အရင်ကပ်ကြော်ပြီမှ အနှစ်များများနဲ့ ချက်ထားတာမို့ ထမင်းမြိန်မယ့် နောက်ဟင်းတခွက်ပါ။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ငါးကြင်း – ၃၀၀ ဂရမ် (၁လက်မအရွယ်လေးများ တုံးပါ)
ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ငရုတ်သီးတောင့်နီ – ၂ခု – ၄ခု (ထပ်ခြမ်းခြမ်းပါ)

ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီး ဆီသပ်ပြီသား – စားပွဲတင်ဇွန်း ၃ဇွန်း (ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ဆီချက်ထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီထားပါ)
ရှမ်းနံနံပင် – ၂ခု (ပါးပါးလှီးပါ)
ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး ငါးကြင်းကို (ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)) တို့ဖြင့် ရောနုယ်လိုက်ပြီ ဂျုံမှုန့်များ ကပ်ပေးပါ။

၂။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ဂျုံကပ်ထားသော ငါးကြင်း များကို အညိုရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

၃။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးတောင့်နီ တို့ကို ဆီသပ်ပေးပါ။

၄။ ထို့နောက် ခရမ်းချဉ်သီး၊ ငရုတ်သီးဆီချက်၊ ငါးကြင်း၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ နှင့် ငါးကြင်း ရေမြုပ်ရုံ ရေထည့်ပြီး အဖုံးအုပ်ကာ တည်ထားပေးပါ။

၅။ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်၊ ရှမ်းနံနံများ အုပ်ပြီး မီးပိတ်ပေးပါ။

၆။ ငါးကြင်းဆီပြန်ဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..

Credit : Wutyee

သတင်းသစ်များ