နည်းပညာ      

ဟွာဝေးကို မတရားအရေးယူဆောင်ရွက်မှုများမလုပ်ရန် အမေရိကန်ကို ဟွာဝေးတိုက် တွန်း

ဟွာဝေးအပေါ် အမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုတွေဟာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီပြန်သုံးသပ်ဖို့နဲ့ မတရားအရေးယူဆောင်ရွက်မှုတွေမလုပ်ဖို့ ဟွာဝေးဘက်က တိုက်တွန်းလိုက်ပါတယ်။အမေရိကန်အစိုးရအေဂျင်စီတွေကို ဟွာဝေးပစ္စည်းတွေဝယ်ယူခွင့်ပိတ်တဲ့အမေရိကန်ဥပဒေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီ ဟွာဝေးဘက်က ဗုဒ္ဓဟူးနေ့မှာစိန်ခေါ်လိုက်ပါတယ်။ဟွာဝေးအပေါ်တရားမဝင်လုပ်ရပ်တွေလုပ်ထားတာကိုရပ်တန့်ဖို့ တရားစွဲဆိုသွားမယ်လို့ အကြပ်အတည်းတွေ့နေတဲ့ဟွာဝေးနည်းပညာကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအတည်ပြုလိုက်တာပါ။အမေရိကန်နိုင်ငံရေးသမားတွေက နိုင်ငံတစ်နိုင်ငံလုံးရဲ့အင်အားကိုသုံးပြီးပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုအမိဖမ်းဖို့ကြိုးစားနေတာလို့ ဟွာဝေးရဲ့ဥပဒေရေးရာအရာရှိချုပ်ဆောင်လျူပင်းကတရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်မှာရှိတဲ့ဟွာဝေးရုံးချုပ်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဟွာဝေးနဲ့ ZTEကုမ္ပဏီတို့ရဲ့နည်းပညာတွေကိုအမေရိကန်အစိုးရအေဂျင်စီတွေကိုသုံးစွဲခွင့်မပြုထားတဲ့ အမေရိကန်ဥပဒေရဲ့တစိတ်တပိုင်းဟာလူတစ်ဦးတစ်ယောက်နဲ့လူတစ်စုကိုတရားခွင်မပို့ဘဲဒဏ်ခတ်လို့ရတယ်လို့ အချက်ပြခြင်းအားဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်လို့ ဟွာဝေးဘက်က စွပ်စွဲထားပါတယ်။မတ်လမှာတုန်းကအမေရိကန်ဥပဒေရဲ့တစိတ်တပိုင်းကိုစိန်ခေါ်တဲ့တရားစွဲဆိုမှုကို ဟွာဝေးက တင်သွင်းခဲ့တာပါ။အခုလအစောပိုင်းမှာ အမေရိကန်အမျိုးသားလုံခြုံရေး(ဒါမှမဟုတ်)နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားတွေကိုထိခိုက်စေတယ်လို့ယူဆရတဲ့ နိုင်ငံခြားလုပ်ငန်းတွေစာရင်းထဲမှာ ဟွာဝေးကို အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထည့်သွင်းခဲ့ပါတယ်။စာရင်းထဲမှာပါတဲ့ကုမ္ပဏီတွေဟာကုန်သွယ်ရေးလိုင်စင်မရသရွေ့ စက်အစိတ်အပိုင်းတွေနဲ့ ဆော့ဝဲတွေတွေရယူခွင့်မရှိပါဘူး။စာရင်းထဲမှာပါဝင်ပြီးနောက် Google၊ Chipset၊ Bluetooth၊ Wifiနဲ့ SD Cardကုမ္ပဏီနဲ့အဖွဲ့အစည်းတွေက ဟွာဝေးနဲ့အလုပ်တွဲလုပ်ကိုင်တာတွေရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။

@Credit 

သတင်းသစ်များ