နိုင်ငံရေး      

မန္တလေးတွင် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်းစတင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နဲ့ ILO – VZF တို့ ပူးပေါင်းပြီး အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်း စတင်တဲ့ အခမ်းအနားကို မေလ (၂၉) ရက်က မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှာ ပြုလုပ်ခဲ့ပါတယ်။လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ILO နဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်(၄)ရပ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်း ဖြေလျော့မှုစမ်းသပ်စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းကာ လေ့လာဆန်းစစ်မှုပြုလုပ်ပြီး ထိရောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်ကို ထိရောက်မြန်ဆန်စွာပေးနိုင်ပါက လူမှုဖူလုံရေးစီမံကိန်းကို အလုပ်ရှင်၊ အလုပ်သမားပိုပြီး ယုံကြည်လာမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောပါတယ်။

အလုပ်တွင်ထိခိုက်မှုကြောင့် အကျိုးခံစားခွင့်အာမခံစနစ်လုပ်ငန်းစဉ်ဖြေလျော့မှုစမ်းသပ်စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်ကစပြီး ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ စမ်းသပ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ စမ်းသပ်ဆောင်ရွက်စဉ်မှာလည်း အလုပ်ရှင် အလုပ်သမားအပြင် သက်ဆိုင်ရာဌာနများရှိ ဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါတယ်။

#Credit 

သတင်းသစ်များ