အလှအပရေးရာ      

အဆီပြန်နေလို့ စိတ်ညစ်နေသူတွေအတွက် ပျားရည်နဲ့ မျက်နှာပေါင်းတင်နည်း

ပျားရည်ကတော့ skincare ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ 
ပျားရည်က အမာရွတ်တွေကိုပါ ပျောက်စေနိုင်လို့ အမာရွတ်ပျောက်ချင်ရင် ပျားရည်ကို ပဲသုံးကြပါတယ်။ ပျားရည်မှာက သင့်မသိသေးတဲ့ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ကောင်းစေနိုင်ပါတယ်။ 
ဒါကြောင့် သင့်မျက်နှာအဆီပြန်နေရင် ပျားရည် နဲ့ပေါင်းတင်ပေးကြည့်ပါ။

(၁) ပျားရည် နဲ့ နနွင်း 

ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်) ၊ သဘာ၀ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။ နနွင်းက မျက်နှာပေါ်က ဝက်ခြံတွေကို ကုသပေးနိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ပါ။ 
ဒီ face pack ကတော့ မျက်နှာပေါ် အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

  • ပါဝင်ပစ္စည်းများကို ဇလုံးထဲ စုပေါင်းထည့်ပေးပြီး ကောင်းကောင်း မွေပေးပါ။
  • မျက်နှာပေါ်မှာ လိမ်းပေးပြီး မိနစ် (၂၀)လောက် ပေါင်းတင်ထားပေးပါ။
  • ရေအေးနဲ့ မျက်နှာသစ်ပေးပါ။
  • တစ်ပတ်ကို (၂-၃)ကြိမ်လုပ်ပေးပါ။

 

(၂) ပျားရည် နဲ့ ကြက်ဥ 

ပါဝင်ပစ္စည်းများ –
ကြက်ဥ (တစ်လုံးရဲ့အကာ) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်) ၊ သံပယိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)။ 
သံပယိုသီးက ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေးနဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်ပြီး အဆီပြန်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ 
ပျားရည်နဲ့ ကြက်ဥအကာ နဲ့ပါ လုပ်ပေးလိုက်ရင်တော့ ဒီ face pack က အကောင်းဆုံး နဲ့ အထိရောက်ဆုံး face pack ပဲဖြစ်ပါတယ်။

  • အရင်ဆုံး ကြက်ဥအကာကို အမြှပ်ဖြစ်အောင် ခလောက်ပေးပြီး သံပယိုရည်ကို ထည့်ခလောက်ပေးပါ။
  • ပျားရည်ကိုပါ ထည့်ပေးပြီးရင်တော့ မျက်နှာပေါ်မှာ လိမ်းပေးပါ။
  • မျက်နှာပေါ် (၁၀-၁၅)မိနစ် လိမ်းပေးပြီးလို့ ခြောက်သွားရင် မျက်နှာသစ်ပေးပါ။
  • တစ်ပတ် ကို (၁-၂) ကြိမ်လောက်လုပ်ပေးပါ။

#Credit

သတင်းသစ်များ