မှုခင်း      

မူးယစ်သားကောင် အနေနဲ့ ထောင်ထဲမှာပြစ်ဒဏ်တွေကို ဘယ်လို ပေးဆပ်ခဲ့ရတယ်ဆိုတာ ပြောပြလာခဲ့တဲ့ မော်ဒယ်ရွှေမြင့်မိုရ်

တက်သစ်စ ဓာတ်ပုံမော်ဒယ်နှင့် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က နေအိမ်အတွင်း မူးယစ်ဆေးဝါးများ ဆက်စပ် အသုံးအဆောင် ပစ္စည်းများနဲ့ အတူ တွေ့ရှိခဲ့သဖြင့် တာမွေမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပါတယ် ။ မော်ဒယ်လ် ရွှေမြင့်မိုရ်နှင့် အတူ အမျိုးသား ၂ ဦးလည်း ပါဝင်ပြီး ဧပြီ လ ၂၇ ရက်နေ့ သူမ နေထိုင်ရာ တာမွေမြို့နယ် နတ်ချောင်းလမ်းရှိ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး စိတ်ကြွဆေးပြားများ နဲ့ ဆက်စပ် အသုံးအဆောင် အချို့ တွေ့ရှိတဲ့အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွန်ငြိမ်းချမ်းသာခွင့်နဲ့ အတူ မော်ဒယ်ရွှေမြင့်မိုရ်တစ်ယောက် မေလ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ် ။

အခက်ခဲတွေ ဖြစ်လာမှ သိလိုက်ရတာကတော့ မိသားစုကသာ ကိုယ့်အပေါ်မှာ အကောင်းဆုံးဖြစ်ပြီး အရမ်းကောင်းတယ်ဆိုတဲ့ သူတွေက တကယ်တော့ဘာမှမဟုတ်ဘူးလို့ ရွှေမြင့်မိုရ်က ပြောပြခဲ့ပါတယ် ။ ထောင်ဆိုတာ တစ်မိနစ်တစ်စက္ကန့်တောင် နေဖို့မသင့်တဲ့နေရာ ဖြစ်ပြီး လူတွေရဲ့စိတ်ကိုအကျဉ်းချထားတဲ့ နေရာဖြစ်လို့ နေလို့လဲ မသင့်တော်ဘူးလို့ သူမရဲ့အတွေ့ကြုံတွေကိုလည်းမျှဝေပေးခဲ့ပါတယ် ။ မူးယစ်ဆေးဝါးကို သူမကိုယ်တိုင်ကောင်းမယ်ထင်လို့ လုပ်ခဲ့ပြီး အပေါင်းသင်းတွေလဲမှားခဲ့တဲ့အပြင် အစာတွေလည်းမစားတော့ဘူး ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေကိုလည်း ဂရုမစိုက်အားတော့ဘူး ၊ အချိန်တွေမှားပြီး အလုပ်တွေအပေါ်မှာလည်း အာရုံမစိုက်နိုင်တော့ဘူး ၊ သူမလျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းဆိုတာလည် းသွေဖယ်သွားတယ် နောက်ဆုံးထောင်ကျတဲ့အထိ ဖြစ်တယ် အဲ့ဒီအတွက် ကိုယ့်မိသားစု ကိုယ့်ကိုချစ်တဲ့ခင်တဲ့မိတ်တွေ တွေ ပရိသတ်တွေအားလုံးစိတ်ဆင်းရဲရတယ် ကိုယ်တိုင်လည်း ဂုဏ်သိက္ခာတွေကျတယ် ၊ ဒီမူးယစ်ဆေးဝါးကြောင့်လည်း အရင်တုန်းကလှပခဲ့တဲ့ ခန္ဓာကိုယ်ကလည်း ပျက်စီးခဲ့တယ် အခု ပြန်ထွက်လာတဲ့အချိန်မှာလည်း အားလုံး ၁ က စပြီး ပြန်ကြိုးစားရမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ် ။

သူမနဲ့လက်လှမ်းမီတဲ့ ပတ်ဝန်းကျင်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေကို တတ်တိုင်သလောက် လက်လှမ်းမီသလောက် တားဆီးသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးဆိုတာ စိတ်ဓာတ်ကျ အထီးကျန်တဲ့သူတွေက စပြီးဖြစ်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ အတွက် အထီးကျန်တဲ့သူတွေ စိတ်ဓာတ်ကျနေတဲ့သူတွေကိုလည်း အားပေးစကားတွေ ပြောသွားမယ် နိုင်ငံတော် ဘယ်အဖွဲ့အစည်းကမဆိုလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်ကူညီသွားမယ် လို့စဉ်းစားထာပါတယ် လို့ ပြောပြခဲ့ပါတယ် ။ သူမ အနေနဲ့ ပေးဆပ်သင့်သလောက်လည်း သူမရဲ့အပြစ်တွေကို ပေးဆပ်ခဲ့ပြီးပြီဖြစ်တဲ့အတွက် အမှားတွေကို ပြုပြင်ရင်း ပရိသတ်ရှေ့ကို ပြန်လာတော့မှာ ဖြစ်တဲ့အတွက် သူမကို အားပေးကြပါဦးလို့ ပရိသတ်တွေကိုတောင်းဆိုခဲ့ပါတယ် ။

Credit : CNewsOnline

သတင်းသစ်များ