ကျန်းမာရေး      

ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း

ဆီးအိမ်ကျောက်တည်ရောဂါအတွက် အစွမ်းထက်တဲ့ ရိုးရာဆေးနည်းတစ်ခုကို ညွန်ပေးလိုက်ပါတယ်။ ဒီဆေးနည်းကတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်တို့မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ရိုးရာဆေးနည်းလို့ ဆိုကြပါတယ်။

အလွန်လွယ်ကူတဲ့ ဆေးနည်းပါ။ Water Hyacinth လို့ခေါ်တဲ့ ဗေဒါပင်ကို ချက်စားရမှာ ဖြစ်ပါတယ်။

ဆေးနည်း

(၁) ဗေဒါပင်တစ်ပင်လုံးကို အမြစ်မှ အပွင့်ထိ တစ်ပင်လုံးကို ရေစင်အောင် ဆေးကြောပြီး နှုတ်နှုတ်စင်းပါ။

(၂) အဆီမပါတဲ့ ဝက်သားအနည်းငယ်နဲ့ အချိုချက် ချက်ပါ။ ငရုတ်သီးအစပ် မထည့်ရပါ။

(၃) ဗေဒါဝက်သားအချိုချက်ကို ဟင်းအဖြစ် စားသုံးပါ။ မကြာခဏ ချက်စားပါ။

(၄) ဘီယာသောက်တတ်သူ အမျိုးသားများဆိုရင် ဘီယာနဲ့သောရင် ပိုပြီး ထိရောက်ပါတယ်။ ဆီးကို ရွှင်စေပါတယ်။ ကျောက်ကို ကြေစေပါတယ်။

(၅) ဘီယာမသောက်တတ်သူများကတော့ သံပုရာရည်၊ အုန်းရည် စတဲ့ သောက်စရာတစ်ခုခုနဲ့ တွဲသောက်လို့ရပါတယ်။ အရက်အမျိုးမျိုး၊ ဝိုင်၊ ထန်းရည်တို့နဲ့ မသောက်ရပါ။ ဝက်သားနဲ့ ထန်းရည်က အခန့်မသင့်ရင် အော့အန်တာ ဖြစ်တတ်ပါတယ်။

(၆) တပင်လုံးကို အခြောက်လှမ်းထားပြီး ရေနွေးကြမ်းခတ်သောက်ပါ။ ဆီးအိမ်မှကျောက်ကို ကြေကျသွားစေပါတယ်။

အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပါပဲ။ ငွေကုန်ကြေးကျလည်း နည်းတဲ့ ရိုးရာဆေးနည်းဖြင့် ဆီးကျောက်တည်ရောဂါများ ပျောက်ကင်းနိုင်ကြပါစေ။

Credit.အဘမူးလဲ OEMT

သတင်းသစ်များ