ရာသီဥတု      

အမြင့်ဆုံး အပူချိန်မှာ ၄၇ ဒီဂရီအထိရှိပြီး မြန်မာတစ်နိုင်ငံလုံး အန္တရာယ်ရှိလောက်တဲ့အထိ အပူချိန်မြင့်တက်လာနိုင်

မုတ်သုံကအဝင်နောက်ကျ နေ ပြီးမုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့်အပူချိန်မြင့်တက်မှုကိုအထူးဂရုစိုက်ဖို့လိုအပ်နေပါတယ်။

မေလ(၁၅-၂၁)ရက် ရက်တစ်ပတ်အတ ွင်းကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း နဲ့တနင်္သာရီတိုင်းတို့မှလ ွဲ၍ ကျန်တပြည်လုံးတ ွင် အပူချိန်များမြင့်တက်လာနိုင်ပါတယ်။

အမြင့်ဆုံး အပူချိန်မှာ ၄၇ ဒီဂရီအထိရှိပြီး မြန်မာတစ်နိုင်ငံလုံး အန္တရာယ်ရှိလောက်တဲ့အထိ အပူချိန်မြင့်တက်လာနိုင်

အန္တရာယ်ရှိလောက်တဲ့အပူချိန်ဖြစ်လာနိုင်ပါတယ်။

‘‘မုန်တိုင်းနဲ့အတူ မုတ်သုံ လေက မြန်မာနိုင်ငံတောင်ပိုင်းအ ထိ ဝင်လာသင့်တာ။ အခုက မဝင်ခဲ့တော့ မိုးရွာတာလျော့ပြီး အပူ ချိန်က ပြန်မြင့်လာနိုင်ပါတယ်’’ဟု ဒေါက်တာထွန်းလွင်က သတိပေး သည်။

မြန်မာနိုင်ငံဒေသအများစု တွင် ဧပြီတစ်လလုံး အပူချိန်မြင့် တက်ပြီး ဖေဖော်ဝါရီမှ ဧပြီအ တွင်း ၁၃ မြို့၌ ၂၇ ကြိမ် အပူချိန်စံချိန်သစ်တင်ခဲ့သည်။ 

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဝင် ရောက်သည့် မေလ ၃ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့ မိုးရွာကာ အပူချိန်အနည်းငယ် လျော့ကျခဲ့သည်။

 မုတ်သုံမဝင်သေး၍ မိုးလျော့နည်းသဖြင့် အပူချိန်ပြန်မြင့်တက်လာပြီး မေလ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ အပူချိန် ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိကာ အပူချိန်စံချိန်သစ်တင်ခဲ့သည်။

အမြင့်ဆုံး အပူချိန်မှာ ၄၇ ဒီဂရီအထိရှိပြီး မြန်မာတစ်နိုင်ငံလုံး အန္တရာယ်ရှိလောက်တဲ့အထိ အပူချိန်မြင့်တက်လာနိုင်

၁၁.၅. ၂၀၁၉ နေ့တွင် အပူချိန်မှာ ၄၆ ဒီဂရီစင်တီဂရိတ် ထိရှိလာပြီး ၉ ရက်နေ့က စံချိန်သစ်ကို ထပ်ချိုးခဲ့သည်။

‘‘မြန်မာအပါအဝင် အာရှ တိုက်တောင်ပိုင်းတွေမှာ မိုးနည်း နေသလို အပူချိန်တွေလည်း မြင့် နေပါတယ်။ အပူချိန်မြင့်တက် တာတွေကို ထပ်သတိပြုဖို့ လိုပါ တယ်’’ဟု ဒေါက်တာထွန်းလွင်က သတိပေးသည်။ 

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသသို့ မေလလယ် တွင် ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထား သည်။

အမြင့်ဆုံး အပူချိန်မှာ ၄၇ ဒီဂရီအထိရှိပြီး မြန်မာတစ်နိုင်ငံလုံး အန္တရာယ်ရှိလောက်တဲ့အထိ အပူချိန်မြင့်တက်လာနိုင်

ယခုရက်ပိုင်းအတွင်း ဧရာ ဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်၊ မွန်ပြည်နယ်တွင် လေပြင်းဘေးဖြစ်စေ နိုင်သည့် မိုးတိမ်တောင်အန္တရာယ် သတိပြုနေထိုင်ရန် ၎င်းက သတိ ပေးသည်။

‘‘အပူသက်သာအောင် မိုးရွာမှ ဖြစ်တော့မှာ။ မဟုတ်ရင် သက် ကြီးရွယ်အိုတွေ၊ ကလေးငယ် တွေ၊ နာတာရှည်ရောဂါဝေဒနာ သည်တွေ အသက်တိုကုန်ကြလိမ့် မယ်’’ ဟု အပူချိန်မြင့်တက်နိုင် ကြောင်း ဒေါက်တာထွန်းလွင် ထုတ်ပြန်သည့် သတင်းအောက်တွင် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။

ဒေါက်တာထွန်းလွင်

သတင်းသစ်များ