ထူးဆန်းထွေလာ      

အလှပဆုံးဒီဇိုင်းတွေလို့ ချီးကျူးခံထားရတဲ့ ကမ္ဘာကျော်အဆောက်အအုံများ

ပရိသတ်ကြီးအတွက် ဒီနေ့ ဖော်ပြပေးချင်တာကတော့ ကျနော်တို့ ပုံမှန်မြင်တွေ့နေကြ အဆောက်အဦးတွေနဲ့ ကွဲထွက်ပြီး ဒီဇိုင်းအဆန်းတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေအကြောင်းပဲ ဖြစ်ပါတယ်။ 
ဒီအဆောက်အဦးတွေရဲ့ ပုံစံဟာ ထူးခြားလွန်းလှပြီး ဒီဇိုင်းဆွဲခဲ့သူတွေရဲ့ စိတ်ကူးကောင်းပုံကို တွေ့မြင်နိုင်ပါတယ်။

ပုံမှာဖော်ပြထားတဲ့ အဆောက်အဦးတွေဟာ ဆိုရင် နိုင်ငံအနှံ့အပြားက ကမ္ဘာကျော်အဆောက်အဦးတွေပဲဖြစ်ပါတယ်။ 
တချို့အဆောက်အဦးတွေကို ကြည့်လိုက်ရင် ကွန်ပျူတာဖန်တီးချက်နဲ့ ပြုလုပ်ထားသလားလို့တောင် အထင်မှားလောက်တဲ့အထိ အမြင်အာရုံကို လှည့်စားထားတဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦးတွေဟာ သာမန်နေအိမ်တွေထက် ထူးထူးဆန်းဆန်းပုံစံတွေကိုမှ အထူးကြိုက်နှစ်သက်တဲ့သူတွေအတွက် သင့်လျော်တဲ့ပုံစံလေးတွေပဲ ဖြစ်ပါတယ်။

ဒီဇိုင်းပုံစံက ဆန်းကြယ်တဲ့အပြင် အဆောက်အဦးခိုင်ခံ့တဲ့အပိုင်းကိုလည်း အဓိကထား ပြင်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။

Credit : Myanmarload