အနုပညာ      

ချောက်မြို့အပူဒဏ်ကာကွယ်ဖို့အတွက် အပင်ပေါင်း (၂၀၀၀၀) စိုက်ပျိုးမယ့် နေထူးနိုင်

သရုပ်ဆောင် အက်ရှင်မင်းသား နေထူးနိုင်က အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း နယ်ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ 

နေထူးနိုင် ရိုက်ကူးတဲ့ ဗီဒီယိုဇာတ်ကားတွေက နယ်ပရိသတ်တွေအကြိုက် ဆန်းဆန်းပြားပြားတွေ ဖြစ်ပြီး ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

 နေထူးနိုင်က လက်ရှိမှာလဲ သူဝါသနာပါရာ အက်ရှင်ဇာတ်ကားတွေကို အဆက်မပြတ် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အခုလို ပူပြင်းလှတဲ့ ရာသီဥတုမှာ သရုပ်ဆောင် နေထူးနိုင်က သူကိုယ်တိုင် ဦးဆောင်ပြီး ချောက်မြို့နယ်မှာ အပင်ပေါင်း (၂၀၀၀၀)စိုက်ပျိုးမှာ ဖြစ်ပါတယ်။ 

အခုလို ရာသီဥတု အပူလွန်ခြောက်သွေ့ရခြင်းက သစ်ပင်များ ပြုန်းတီးမှုကြောင့်ဖြစ်တာကြောင့် နေထူးနိုင်က အပင်တွေ စိုက်ပျိုးဖို့ စိတ်ကူးရခဲ့တာပဲ ဖြစ်ပါတယ်။
နေထူးနိုင်ရဲ့ အပူဒဏ်ကာကွယ်ဖိုအပင်စိုက်ကြစို့အစီအစဉ်ကို အနုပညာရှင်တွေနဲ့ ပြည်သူတွေက ငွေအားနဲ့ လှူဒါန်းကြသလို လုပ်အားနဲ့လည်း လိုက်ပါဆောင်ရွက် လှူဒါန်းကြမယ်လို့ သိရပါတယ်။

 နေထူးနိုင်က သူ့ရဲ့ အပူဒဏ်ကာကွယ်ဖိုအပင်စိုက်ကြစို့အစီအစဉ်ကို ဇွန်လ (၁၉)ရက်နေ့မှာ စတင်စိုက်ပျိုးမယ်လို့ သိရပါတယ်။

နေထူးနိုင်ရဲ့ အစီအစဉ်အတွက် နေတိုးမှ အလှူငွေ (၃)သိန်း၊ ပြေတီဦး+အိန္ဒြာကျော်ဇင်မှ အလှူငွေ (၃)သိန်း၊ ညီထွဋ်ခေါင်မှ အလှူငွေ (၁)သိန်း၊ ခင်ပိုးပန်းချီမိသားစုမှ အလှူငွေ (၃)သိန်း၊ အရိုင်းမှ အလှူငွေ (၅) သောင်း နဲ့ အခြားသော အနုပညာရှင်များမှလဲ အသီးသီး ပါဝင်လှူဒါန်းကြတယ်လို့ သိရပါတယ်။

နေထူးနိုင်ကတော့ ပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့အလုပ်ကို သေချာစဉ်းစားပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှူူရှင်တွေရဲ့ ကုသိုလ်ကို ပရိသတ်များကလဲ ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။

Source: Nay Htoo Naing’s fb