အားကစား      

လာမည့် နွေရာသီ အပြောင်းအရွေ့မှာ လီဗာပူးတို့ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်တစ်ဦးကို ထုတ်ဖော်လိုက်တဲ့ စတန်ကော်လီမိုး

လီဗာပူး ကြယ်ပွင့်ဟောင်း ဖြစ်သူ စတန်ကော်လီမိုး က ယာဂန်ကလော့ အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ ၎င်းရဲ့ ဦးစားပေး ပစ်မှတ်အနေနဲ့ ဝုဖ်ဗာဟမ်တန် အသင်းရဲ့ကွင်းလယ်လူ ရူဘင်နီဗက်ကို ခေါ်ယူရန် တိုက်တွန်းသွားခဲ့ပါတယ်။ 

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် Title raceမှာ ရမှတ် ၉၇ မှတ်ထိ ရခဲ့ပေမယ့်လည်း ပြိုင်ဘက် မန်စီးတီး အသင်းက ၎င်းတို့ထက် တစ်မှတ်တည်း အသာရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာရှုံးပွဲ တစ်ပွဲသာရှိခဲ့တဲ့အပြင် ပေးဂိုး အနည်းဆုံး ၊ clean sheets အများဆုံးအသင်းလည်း ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ် အများဆုံး တတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

ဘောလုံး အစီအစဉ်တင်ဆက်သူ အချို့ လီဗာပူးအသင်းကို ဒီရာသီမှာ ဝေဖန်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကတော့ ကွင်းလယ်ရဲ့ သွင်းဂိုးပိုင်း နည်းပါးခဲ့မှုပဲဖြစ်ပြီး အန်ဖီးကလပ်ရဲ့ ပင်တိုင်ပင်နယ်တီ ကန်သွင်းသူ ဂျိမ်းမီနာရဲ့ သွင်းဂိုး ၅ ဂိုးဟာ လီဗာပူးကွင်းလယ်ကစားသမားတွေထဲမှာ အများဆုံး သွင်းဂိုး ပမာဏ ဖြစ်နေပါတယ်။

ဒီအတွက်ကြောင့်ပဲ စတန်ကော်လီမိုးက ဂိုးသွင်းကောင်းတဲ့ ဗဟိုကွင်းလယ်ကစားသမားသစ်တစ်ဦးကို အပြောင်းအရွေ့ဈေးကွက်မှာ လီဗာပူးတို့ ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ထောက်ခံလိုက်ပြီး ဝုဖ်ရဲ့ ပေါ်တူဂီစတား နီဗက်ဟာ လီဗာပူးအသင်းရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ့်သူ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကော်လီမိုးက “အကယ်၍ ယာဂန်ကလော့ရဲ့အသင်းဟာ ပရီးမီးယားလိဂ် Title race မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကို ဆက်ပြီး ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ဒါဟာ လီဗာပူ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကြီးမားတဲ့ ထိုးနှက်မှုဖြစ်စေမှာပါ။ ဒါဟာ လာမည့်ရာသီဖလားတွေအတွက် တိုက်ပွဲဝင်သွားမယ့်အသင်းအတွက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ဒါ့ကြောင့် ကလော့အနေနဲ့ သူ့ကိုယ်သူ မေးခွန်းထုတ်ရမှာကတော့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူး နိုင်ဖို့အတွက် ငါတို့အသင်း ဘာလိုအပ်နေသလဲ? ဆိုတာကိုပါ။ သူ့အနေနဲ့ ကစားသမား ခေါ်ယူမှုအနည်းငယ်လုပ်သွားဖို့ လိုမယ်ဆိုတာ သိပါတယ်။ရူဘင်နီဗက်ဟာ လီဗာပူးအတွက် အရမ်းကိုကောင်းတဲ့ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ လီဗာပူးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက် ၊ အဲဗာတန်တို့နဲ့ ပွဲစဉ်တွေမှာ အမှတ်မလျော့ဖို့ လိုအပ်ပါတယ်။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ကော်လီမိုးက “အကယ်၍ လီဗာပူးတို့ ဥရောပချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဒီအောင်မြင်မှုဟာ လီဗာပူးကို ကြီးမားတဲ့ဆွဲဆောင်မှု ဖြစ်စေမှာပါ။ ဥရောပတစ်ခွင်က ကစားသမားတွေအနေနဲ့ ဒီရာသီ အန်ဖီးရဲ့ အငွေ့အသက်တွေ ၊ သူတို့ရဲ့ဘောလုံးကစားဟန်တွေကို မြင်တွေ့ခဲ့ကြမှာ ဖြစ်ပါတယ်။ဥရောပရဲ့ ထိပ်သီးကလပ်တွေ စောင့်ကြည့်နေမယ့် ကစားသမားတစ်ဦးကတော့ ရူဘင်နီဗက်ပဲ ဖြစ်ပါတယ်။ သူဟာ playmaker တစ်ဦးလည်း ဖြစ်ပြီး ကလပ်အသင်း တော်တော်များများရဲ့ပစ်မှတ် ဖြစ်ပါတယ်။သူဟာ ဂိုးတွေ ရသင့်သလောက် အများကြီးမရခဲ့ပေမယ့်လည်း ဂိုးသွင်းကောင်းသူ ဖြစ်ပါတယ်။ နီဗက်ဟာ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဘောလုံးကို ကောင်းစွာကစားနိုင်စွမ်းရှိပြီး ဒေးဗစ်ဆေးလ်ဗားလို ဘောလုံးအမြင် ရှိပါတယ်။” လို့ ပြောသွားပါတယ်။

Credit: SM (Sports Myanmar)