အစားအသောက်      

ကင်းမွန်သံပုရာပေါင်းနည်း

ဂျင်းကိုထောင်းပါ။ ရလာသော ဂျင်းရည်ကို ညှစ်၍ ကင်းမွန်ပေါ်တွင်ဆမ်းပြီး ၁၅မိနစ်ခန့်ပေါင်းပေးပါ ( ထမင်းေပေါင်းအိုးတွေမှာပါတဲ့ အလယ်အကန့်လေးပေါ်မှာ စတီးပန်းကန်လေးတင်ပြီးပေါင်းလို့ရပါတယ် ပေါင်းအိုးထဲမှာတော့ ရေထည့်ထားပေါ့ ) ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ်ပါ။ ရေအနည်းငယ် ကြက်သားမှုန့် သကြား ပဲငံပြာရည် လှီးထားသောငရုတ်သီးများထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားပေးပါ။ ဆူပြီဆို အအေးခံပြီးနောက် သံပုရာရည်များညှစ်ထည့်ပါ။ နောက်ဆုံးမှ ကင်းမွန်အပေါ်ကနေဆမ်းပြီးတော့ သံပုရာကွင်းလေးတွေနဲ့အလှဆင်နိုင်ပါပြီ။ နံနံပင် ပူတီနံနှစ်သက်သူများလည်း ထည့်ဝင်စားသုံးလို့ရပါတယ်နော်

Credit

ဂဏန်း မာဆလာဟင်း